ပင်လုံမြို့၌ ကာကွယ်ဆေး ထိုးခြင်း/ တိုက်ခြင်းလုပ်ငန်းများဆောင်ရွက်
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပင်လုံ တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပင်လုံမြို့ နောင်မိန်းကျေးလက်ကျန်းမာရေး ဌာနခွဲ၊ ကောင်းပုံကျေးရွာ၌ ၁၅ နှစ်အောက် ကလေးများအား ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများ အား ယမန်နေ့ နေ့လည်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။