မိုင်းယောင်းမြို့နယ် မိုးလုံလေလုံအားကစားရုံ Facility Quarantine Center တွင် နေရပ်ပြန်လေးဦး စောင့်ကြပ်ထားရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက် လာသည့် နေရပ်ပြန် လေးဦးကို ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်းက မြို့နယ်မိုးလုံလေလုံအားကစားရုံ Facility Quarantine Center ၌ အသွားအလာကန့်သတ်ကာလ ၂၁ ရက် စောင့်ကြပ်ကြည့်ရှုထားရှိကြောင်း သိရသည်။