သီပေါမြို့နယ်အတွင်းရှိ (CERP)အရမျိုးစေ့ထုတ်စိုက်ကွက်များ၊ စမ်းသပ်စိုက်ကွက်များအား ဒုတိယအကြိမ် မျိုးကွဲပယ်ခြင်းနည်းပညာပေးကွင်းသရုပ်ပြခြင်းကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်−၁၉ကာလ စီးပွားရေးကုစားမှု (COVID-19 Economic Relief Plan) အရ ဆောင်ရွက်သောမိုးစပါး(RS-CS) မျိုးစေ့ထုတ် စိုက်ခင်းများ၊ ခေါင်နှံစိုက်ခင်းများ၊ မိုးစပါးပျိုးသက်နုကောက်ကွက်ကြဲ(SRI)စိုက်ပျိုးနည်းစနစ် စိုက်ခင်းများ၊ မျိုး(၄)မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ခင်းများရှိ ဘော်ကြိုကျေးရွာအုပ်စု ဆားတွင်းကျေးရွာနှင့် မန်ဟဲ ကျေးရွာအုပ်စု နားခဲကျေးရွာတို့တွင် ယနေ့ နံနက်ပိုင်းက ခရိုင်မျိုးစေ့တာဝန်ခံ၊ ခရိုင်ပိုးမွှားတာဝန်ခံနှင့် မြို့နယ်ဦးစီးမှူးတို့က မျိုးကွဲပယ်ခြင်း၊ ပေါင်းမြက်နုတ်ခြင်း၊ပိုးမွှားကျရောက်မှု ရှိ/မရှိ သရုပ်ပြခြင်းများနှင့် တောင်သူ အသိပညာပေးလုပ်ငန်းများကို ဒုတိယအကြိမ်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။