လှိုင်းဘွဲမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်

လှိုင်းဘွဲ       အောက်တိုဘာ  ၂၇

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ သိရှိလိုက်နာရမည့် အချက်များအား အသိပညာပေးဆင့်ပွားသင်တန်းကို ယမန်နေ့က လှိုင်းဘွဲမြို့(ဃ)ရပ်ကွက်၊ ကွမ်တာ၊ ကမော့ကချူး၊ သာယာကုန်း၊ အောက်ရေပူ၊ တဝန်ဖန်ရ ကျေးရွာများတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ဆင့်ပွားသင်တန်းများတွင် အောက်တိုဘာလ(၂၂)ရက်နေ့ မဲရုံမှူး၊ဒုမဲရုံးမှူးနှင့်အဖွဲ့ဝင်များ အသိပေးသင်တန်း တက်ရောက်ခဲ့သော မဲရုံမှူး၊ဒုမဲရုံမှူးနှင့်အဖွဲ့ဝင်များက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ သိရှိနိုင်စေရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ သိရှိလိုက်နာရမည့် အချက်များ၊ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မီဒီယာကိစ္စများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ခိုင်လုံမဲ၊ ပယ်မဲနှင့်ပူးတွဲပုံစံများ၊ မဲရေတွက်ခြင်း/ထုပ်ပိုးခြင်း၊ မဲရလဒ်ပုံစံ(၁၆)/၁၆-က ရေးသွင်းခြင်း၊ မဲရုံ ခင်းကျင်းခြင်း၊ လက်တွေ့ သရုပ်ပြခြင်း တို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)