လှိုင်းဘွဲ အောက်တိုဘာ ၂၇
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကာလတွင် မဲရုံအသီးသီး၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ သင်တန်းကို အောက်တိုဘာလ(၁)ရက်နေ့က စတင်၍ အလက(၂)ကျောင်း၌ ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ သင်တန်းသားများနှင့် နည်းပြများအား ယမန်နေ့က ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးက လာရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကြည့်ရှုစစ်ဆေးရာတွင် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သန်းဝင်းနှင့် တာဝန်ရှိ သူများက ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထူးရဲသင်းတန်းသားများ အနေဖြင့် လေ့ကျင့်သင်ကြားပေးမှု အခြေအနေ၊ စာတွေ့လက်တွေ့ သင်ကြားပေးမှု အခြေအနေ၊ စစ်ရေးပြသင်ကြားပေးမှု၊ မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းသားများ၏ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ နေထိုင်စားသောက်မှု အခြေအနေနှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်နှင့် အညီ ဖွင့်လှစ်သင်ကြားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)