ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းသုံးပစ္စည်းများပေးအပ်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တပ်မတော်ကုတင်(၁၀၀)ဆေးရုံနှင့် မြို့အဝင်ရောဂါစစ်ဆေးရေးဂိတ်များသို့ မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေးအဖွဲ့ (အထက(၁)-ကော့သောင်း) မှ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေး လုပ်ငန်းများတွင်အသုံးပြုနိုင်ရန် လုပ်ငန်းသုံးပစ္စည်းများကို ယမန်နေ့ညနေပိုင်းက လာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။

နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်းမြို့အနီးအက်ဒမန်ပင်လယ် အတွင်း Crew Change ပြုလုပ်ရန် စင်္ကာပူနိုင်ငံနိုင်ငံမှလာရောက်သည့် MT.VIRGO PHONIX သသင်္ဘောပေါ်မှ သသင်္ဘောသား(၁၁)ဦး၊ မလေးရှားနိုင်ငံမှလာရောက်သည့်

ရှမ်းရွာသစ်မြို့ပြည်သူ့စာကြည့်တိုက်တွင် Online မှ ကျန်းမာရေးသိကောင်းစရာများ အစီအစဉ်လွှင့်တင် ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက် ယာယီပိတ်ထားသည့်အတွက် Online မှ တစ်ဆင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပြည်သူ့စာကြည့် တိုက်တွင် ကျန်းမာရေးအသိပညာပေး အစီအစဉ်ကို ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရှိ ရသည်။

ချီဖွေမြို့၌ မိုးစပါး နယူးဧရာ-၁ အထူးအထွက်တိုး စံပြစိုက်ခင်း စံကွက်ရိတ်သိမ်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ မြို့ပေါ်ရစ်လောခေါင်ရပ်ကွက် တောင်သူ ဦးဒေါင်ဒိုင်၏ လယ်မြေတွင် စိုက်ပျိုးထားသော မိုးစပါး နယူးဧရာ-၁ အထူးအထွက်တိုး စိုက်နည်းစနစ် စံပြစိုက်ခင်း ရိတ်သိမ်းခြင်းကို ယမန်နေ့ ညနေ(၃)နာရီအချိန်တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြောင်းမြမြို့၌ ရွေးကောက်ပွဲတာဝန်ရှိသူများစစ်ဆေးရန်အချက်အလက်ဆိုင်ရာ သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ၊ မြောင်းမြမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့ တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ တာဝန်ရှိသူများ စစ်ဆေးရန် အချက်အလက်ဆိုင်ရာ သင်တန်းကို ယနေ့ နံနက် ၈ နာရီတွင် ကအ.ထ.က(၆)၊ အ.ထ.က(၄)၊ ဒိုဘီကုန်း(အ.မ.က)ကျောင်းတို့၌ သင်တန်းဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ကျောက်တံခါးမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းပို့ချ

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၀  ခုနှစ်  နိုဝင်ဘာ  ၈ ရက်တွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ    အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  မဲရုံမှူး၊ ဒုတိယ မဲရုံမှူးများအား

မူးယစ်ဆေးဝါးတားဆီး၊ကာကွယ်၊တိုက်ဖျက်ရေးအသိပညာပေး “Talk Show”ပြုလုပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(community center)ခန်းမ၌ ယနေ့နံနက်(၁၀)နာရီ အချိန်က မူးယစ်ဆေးဝါး၊တားဆီး၊ကာကွယ်၊တိုက်ဖျက်ရေးအသိပညာပေး “Talk Show” ကိုကျင်းပပြုလုပ် ခဲ့သည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌  မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် အဖွဲ့ဝင်များအား ရွေးကောက်ပွဲ ဆိုင်ရာ သင်တန်း ဆွေးနွေးပို့ချ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်တွင် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး နှင့် မဲရုံ အဖွဲ့ဝင်များအား

ကော့မှူး၌ နှာခေါင်းစည်းမတပ်ဆင်သူများကို အခုဝယ်အခုတပ်စနစ်ဖြင့်‌ ဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ယနေ နံနက်က လူစည်းကားရာနေရာများဖြစ်သော လမ်းဆုံလမ်းခွများတွင် နှာခေါင်းစည်း Mask မတပ်ဆင်သူများကို ယခု ဝယ်ယခုတပ်စနစ်ဖြင့် ဆောင်ရွက်နေကြောင်းသိရသည်။

သုံးခွမြို့နယ် အမှတ်(၃)ရပ်ကွက်တွင် အသွားအလာ ကန့်သတ်ထားသူများအား စားသောက်ကုန် များ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ အမှတ်(၃)ရပ်ကွက်တွင် ကိုဗစ်−၁၉ ရောဂါ အတည်ပြု လူနာတွေ့ရှိမှုများသောကြောင့် အသွားအလာ ကန့်သတ်ထားသော ကျန်စစ်လမ်းနှင့် အောင်သပြေလမ်း
Subscribe to