မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသော စက်ရေးတူးဖော်ခြင်းလုပ်ငန်းများနှင့် မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး

မိတ္ထီလာ၊ အောက်တိုဘာ ၂၇

 

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ ကျပ်သန်း ၆၀ ကျော်ဖြင့် ဆောင်ရွက်လျက်ရှိသော စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများနှင့် မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာများတွင် နွေရာသီတွင် သောက်သုံးရေ လိုအပ်ချက်မရှိစေရန် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း၊ မြေသားရေကန်များ တူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ သောက်သုံးရေလိုအပ်လျှက်ရှိသော ကန်သာအေး၊ သဲတော၊ လဲတော၊ မယ်ဇလီပင်ကျေးရွာတို့တွင်  တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ် သန်း (၆၀.၀၆၆) ဖြင့် တင်ဒါအောင်မြင်သည့် Four G Co;Ltdမှ တာဝန်ယူ၍ ဇူလိုင်လ တတိယပါတ်မှ စတင်၍ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း၊ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေစင်တည်ဆောက်ခြင်း လုပ်ငန်း၊ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းနှင့်   မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည်။

ယင်းသို့  ဆောင်ရွက်ရာတွင်  လဲတောကျေးရွာတွင် အကျယ် ၄ လက်မ အနက် ပေ ၄၀၀ ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ ဂါလံ ၂၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း ၊ အကျယ် ၅ ပေ ပတ်လည်၊ အမြင့် ၇ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ၊   ကန်သာအေးကျေးရွာတွင် အကျယ် ၄ လက်မ အနက် ပေ ၄၀၀ ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ ရေတင်စင်တည်ဆောက်ခြင်း ၊ အကျယ် ၅ ပေ ပတ်လည်၊ အမြင့် ၇ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများနှင့် သဲတောကျေးရွာတွင် အကျယ် ၄ လက်မ အနက် ပေ ၄၀၀ ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ ဂါလံ ၂၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း ၊ အကျယ် ၅ ပေ ပတ်လည်၊ အမြင့် ၇ပေရှိ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် မယ်ဇလီပင်ကျေးရွာတွင် အလျား ပေ ၂၇၀ ၊ အနံ ပေ ၂၂၀ ၊ အနက် ၅ ပေရှိ မြေသားရေကန် အနက်နှိုက် တူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများမှာ ပြီးစီးဖြစ်ကြောင်း သိရ သည်။

အဆိုပါလုပ်ငန်းများ ပြီးစီးနေမှုအခြေအနေများကို  ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းနှင့်   တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်း၍    စစ်ဆေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)