ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများသို့ အခြေခံ စားသောက်ကုန်များ လှူဒါန်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ် Stay at Home ကာလအတွင်း သံဃာတော်များ၊ သီလရှင်များ ဆွမ်းကိစ္စအဆင်ပြေစေရန် ယမန်နေ့၊ နေ့လယ် ၁နာရီ အချိန်တွင် ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းသို့ ဆန်၊ ဆီနှင့် အခြားစားသောက်ကုန်များအား သွားရောက် ကပ်လှူခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်တွင် အထူးရဲ ၂၂၀ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲ ၂၂၀ ဦးအား ယမန်နေ့နံနက်ပိုင်းက ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်း ဖွင့်လှစ်သည့် မြို့နယ်အခြေခံပညာ အထက်တန်းကျောင်းတွင် RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့ ၂၀၀၈-၂၀၀၉ ကျောင်းသား၊ ကျောင်းသူများမှ နှာခေါင်းစည်းများလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့ ၂၀၀၈-၂၀၀၉ ကျောင်းသား၊ ကျောင်းသူများမှ မြို့ထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်သို့ နှာခေါင်းစည်းများ လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

လမ်းမတော်မြို့နယ် အ.ထ.က(၁) Quarantine Centre သို့ နေ့လယ်စာထမင်းဘူးနှင့် အလှူငွေများ လာရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် အ.ထ.က(၁)ကျောင်းတွင် ဖွင့်လှစ်ထားသည့် Quarantine Centre သို့ ကိုဗစ်-၁၉ ရောဂါရှိသူများနှင့် ဆက်စပ်သူများ၊ Volunteer များ အတွက် နေ့လယ်စာထမင်းဘူး၊ Handgel၊ Mask နှင့် အလှူငွေများကို ယမန်နေ့က အလှူရှင်များမှ သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထန်တလန်မြို့၌ ပြည်သူများ သောက်သုံးရေ ပိုမိုရရှိနိုင်ရေးအတွက် ရေပိုက်လိုင်းအသစ် တူးဖော်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးဗန်ဇအုပ် နှင့် ဝန်ထမ်းများသည် ပြည်သူများ သောက်သုံးရေ လွယ်ကူစွာ ပိုမိုရရှိနိုင်ရေးနှင့် ပြတ်လပ်မှု မရှိစေရေး အတွက် မြို့ပေါ်ရပ်ကွက်များအတွင်း ရေပိုက်လိုင်းအသစ်တူးဖော်ခြင်း၊ ပိုက်ဆက်လုပ်ငန်း၊ အမှိုက်များ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသည့် လူမှုရေး အသင်းအဖွဲ့များသို့ ဆန်၊ ခေါက်ဆွဲခြောက်ထုပ်နှင့် ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် ပါဝင် ဆောင်ရွက်နေသည့် လူမှုအသင်းအဖွဲ့ များသို့ ဆန်၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် ထောက်ပံ့ငွေများအား ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပေးအပ်ခဲ့သည်။

မိုင်းယန်းမြို့နယ်၌ ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှုရှိစေရေးနှင့် မဲရုံသုံးပစ္စည်းများပြည့်စုံရေး စစ်ဆေးဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေးနှင့်မဲရုံသုံး ပစ္စည်းများပြည်စုံ‌ရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို အောက်တိုဘာလ(၂၄)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မိုင်းယန်းမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ဖွင့်ဖောက်စစ်ဆေးမှုကို စနစ်တကျ ဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ် အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ မဲရုံးသုံးပစ္စည်းများနှင့် ကြိုတင်ဆန္ဒမဲ လက်မှတ်များထုတ်ပေး

နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်၌ ဖွင့်လှစ်ထားရှိမည့် မဲရုံများတွင် အသုံးပြုရန် အတွက် မဲရုံသုံးပစ္စည်းများနှင့် ကြိုတင်ဆန္ဒမဲလက်မှတ်များကို မြို့နယ်အထွေထွေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများသို့ ယနေ့ နံနက် ၉ နာရီတွင် စတင်ထုတ် ပေးလျက်ရှိသည်။

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်လူနာ (၅)ဦး ဆေးရုံ ဆင်းခွင့်ရရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြု လူနာ (၅)ဦး ကျန်းမာရေးကောင်မွန်၍ (အောက်တိုဘာ ၂၇ ရက်) ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောသည်။

ပလောက်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီ အချိန်ခန့်က မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေသီ လာ ရတနာ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to