နောင်မွန်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ (HPV) ရောဂါအကြောင်း အသိပညာပေးက ကာကွယ်ဆေးစတင်ထိုးနှံ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ(HPV) ရောဂါအကြောင်း အသိပညာ ပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက်(၉)နာရီခန့်က နောင်မွန်မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ကုန်းကြမ်းမြို့နယ်၌ ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်းကြမ်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေးပြီး လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ပြီး လုံခြုံရေးကုဒ်နံပါတ်များ မှတ်သားခြင်းများကို အောက်တိုဘာ ၂၅ ရက်နေ့ နေ့လယ်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့ကြသည်။

ရွှေကျင်မြို့တွင် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား မဲရုံဆိုင်ရာသင်တန်းပို့ချ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲရုံတာဝန် ထမ်းဆောင်ကြမည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား ယနေ့ နံနက် ၉ နာရီက ရွှေကျင်မြို့နယ် မြို့နယ်စည်ပင်ခန်းမတွင် မဲရုံဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချခဲ့သည်။

ဆီဆိုင်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းမှရန်ကုန်တိုင်းသို့ဝင်ရောက်မည့်ကုန်တင်ယာဉ်မောင်းများအားစစ်ဆေးရေးဂိတ်တွင်(RDT)Test Kit ဖြင့်စစ် ဆေးရာတစ်ဦးတွင်ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူး စက်ပျံ့နှံ့မှုမရှိစေရေးအတွက်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာယမန်နေ့မနက်ပိုင်းမှစ၍ ဧရာဝတီတိုင်းမှရန်ကုန်တိုင်းသို့ဝင် ရောက်မည့် ကုန်တင်ယာဉ်မောင်းများအားအင်္ဂပူစစ်ဆေးရေး ဂိတ်တွင်(RDT)Test Kit အသုံးပြု၍ကိုဗစ်-၁၉ရောဂါပိုးရှိ၊မရှိစစ် ဆေးပေးခဲ့ကြောင်းသိရသည်။

လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လုပ်ငန်းများအား ပညာရေးဌာနနှင့် ကျန်းမာရေးဌာနသို့ လွှဲပြောင်းပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း)အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လုပ်ငန်းများအား ပညာရေးဌာနနှင့် ကျန်းမာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယ မဲရုံမှူး သင်တန်းဖွင့်လှစ်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယ မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲကို ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ကြီးမှူး၍ ယမန်နေ့နံက်ပိုင်းက ပန်းတောင်း အ.ထ.က ကျောင်း၌ ဖွင့်လှစ်ခဲ့သည်။

သာစည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ လုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့်အထူးရဲများအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင်၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ လုံခြုံရေးတာဝန်ထမ်းဆောင်ရန်  အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ သင်တန်းတက်ရောက်လျက် ရှိသော အထူးရဲသင်တန်းသား ၂၄၉ ဦးတို့အား ကိုဗစ်-၁၉ ပိုးရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက RDT Test kit  ဖြင့် စစ်ဆေးခဲ့ရာ သင်တန်းသားအားလုံး ပိုးမတွေ့ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် မဲရုံများကွင်းဆင်းစစ်ဆေးဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ယမန်နေ့ နံနက် (၁၀)နာရီက ဒေသဦးစီးဥက္ကဋ္ဌ ဦးကျောက်တယ်ချန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ မဲရုံများသရုပ်ပြဆောင်ရွက်မှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူနာ (၅) ဦး ကျန်းမာရေး ပြန်လည်ကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူနာ ယနေ့အချိန်ထိ (၁၈) ဦးရှိပြီဖြစ်ရာ ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့မှ ကျန်းမာရေး ဝန်ထမ်းများက ဂရုစိုက်ကြပ်မတ်ကုသခြင်း ဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to