ရှမ်းရွာသစ်မြို့ မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်း ပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရန်နှင့် မဲရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်ရန်အတွက် မီးဘေးအန္တရာယ်လုံခြုံ ရေးစစ်ဆေးခြင်းကို ရှမ်းရွာသစ်မြို့ မီးသတ်ဦးစီးဌာနမှ အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်တွင် မိုးစပါးစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်မှုရှိမရှိ ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ချမ်းသာစိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာ (KC) နယ်မြေအတွင်းရှိ မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိမရှိ ကွင်းဆင်းစစ်ဆေး နည်းပညာပေးနိုင်ရေးအတွက် အောက်တိုဘာ ၂၇ ရက်နံနက် ၉ နာရီက (KC) တာ၀န်ခံ၊ မျိုးစေ့တာ၀န်ခံနှင့် ၀န်ထမ်းများမှ အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့တွင်အခြေခံဈေးသည်(၁၀၀)ဦးအား ပစ္စည်း(၇)မျိုးထောက်ပံ့

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လှည့်လည်ပြီး စက်ဘီးနှင့်လှည့်လည်ဈေးရောင်းချနေသူများ နှင့် သက်ကြီးအဘိုး၊အဘွား(၁၀၀)ဦးအား ယနေ့နံနက်(၇)နာရီက ပေါက်တောရပ်ကွက် အောင်ချမ်းသာ ဆန်စက်ဝန်းအတွင်း အလှူရှင်ဦးကိုကိုမောင် နှင့်ဒေါ်မေမြင့်သီ မိသားစုမှ ပစ္စည်း(၇)မျိုးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိ ရသည်။

ရွှေဘိုခရိုင် ခင်ဦးမြို့၌ ကြိုတင်ဆန္ဒမဲကောက်ခံနိုင်ရေး ညှိနှိုင်းဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ဆန္ဒမဲကောက်ခံနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဝေါလေမြိုင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပေးနှိုးဆော်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ နယ်မြေမီးသတ်စခန်းမှ တာဝန်ရှိသူများသည် ဝေါလေမြိုင်မြို့အတွင်းရှိ ရပ်ကွက်များသို့ လှည့်လည်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၆ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရွှေဘိုခရိုင် ဝက်လက်မြို့ ပြည်သူ့ဆေးရုံကြီးမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၂)ဦး နှင့် ကျန်းမာရေးဝန်ထမ်းများအား We love Wetlet အဖွဲ့မှ အားဖြည့်စာများ လာရောက် လှူဒါန်း ပေး

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ (၂)ဦး၊ စောင့်ကြည့်လူနာ (၁)ဦး၊ လူနာစောင့် (၁)ဦး နှင့် ကျန်းမာရေး ဝန်ထမ်းများ အသုံးပြုနိုင်ရန်အတွက် We love Wetlet အဖွဲ့မှအားဖြည့်စာများကို အောက်တိုဘာ ၂၆ရက်နေ့ နံနက် အချိန်ကလာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ(၆၄)ရွာတွင် တစ်အိမ်ထောင်သုံး ဆိုလာမီးလင်းရေး လုပ်ဆောင်ပေးမည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ(၆၄)ရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တစ်အိမ် ထောင်သုံး ဆိုလာမီးလင်းရေး လုပ်ငန်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းကျော်မျိုး ၏ ပြောကြားချက်အရ သိရသည်။

ဖျာပုံမြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပရန် ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးဆက်စပ်ပစ္စည်းများ၊ ကိုဗစ်ကာကွယ်ရေးသုံး ပစ္စည်းများအား ရပ်ကွက်၊ကျေးရွာ ရွေးကောက်ပွဲကော်မရှင်သို့ ထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေများအတွင်း ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးဆက်စပ်ပစ္စည်းများ၊ ကိုဗစ်ကာကွယ်ရေး သုံးပစ္စည်းများအား ရပ်ကွက်၊ကျေးရွာ ရွေးကောက်ပွဲကော်မရှင်သို့ ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်တွင် မြို့နယ်ထွေ/အုပ်အစည်းအဝေးမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကောလင်းခရိုင်အတွင်းရှိ ကိုဗစ်-၁၉စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် မျိုးစေ့ထုတ် စိုက်ကွက်များအား တတိယအကြိမ် မျိုးကွဲပယ်ခြင်း နည်းပညာပေး ကွင်းသရုပ်ပွဲများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းခရိုင်အတွင်းရှိ မိုးစပါးမျိုးသန့်မျိုးစေ့ထုတ် စိုက်ကွက် များအတွင်း နောက်ဆုံးအကြိမ် မျိုးကွဲပယ်ခြင်း၊ ပေါင်းမြက်နုတ်ခြင်း၊ပိုးမွားရောဂါကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်း ကွင်းသရုပ်ပြခြင်းများကို ယမန်နေ့ က ဆောင်ရွက်ခဲ့ကြသည်။
Subscribe to