သထုံခရိုင် ကျိုက်ထိုမြို့နယ်တွင် မဲရုံမှူးနှင့်ဒုတိယမဲရုံမှူးများအားရွေးကောက်ပွဲဆိုင်ရာ သင်တန်း ဖွင့်လှစ်

ကျိုက်ထို အောက်တိုဘာ ၂၇

သထုံခရိုင်၊ကျိုက်ထိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒု- မဲရုံမှူးများအား​ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယ​နေ့နံနက် ၉ နာရီအချိန်က မြိုနယ်သာသနာ့ဗိမ္မန်၌ ကျင်းပပြု  လုပ်သည်။

ရှေးဦးစွာ မြိုနယ်အုပ်ချုပ်ရေးမှူးဦးရဲ၀င်းထိုက်နှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးယုကြိုင်တို့က သင်တန်းဖွင့်အမှာစကားပြောကြားကြပြီး ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးဒေါက်တာစောကလျာက ရွေးကောက်ပွဲတွင် တာ၀န်ယူဆောင်ရွက်ရာ ၌ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက်ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏လမ်းညွှန်ချက်များအညီဆောင်ရွက်ကြရန်နှင့်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်၀င်းကမဲရုံလုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုရှင်းလင်းပြောကြားခဲ့ကြသည်။

သင်တန်းတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးအောင်ငွေနှင့် အဖွဲ့၀င်များက မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့၀င်များ၏တာ၀န်နှင့်လုပ်ပိုင်ခွင့်များ၊ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊နည်းဥပဒေနှင့်ပက်သက်သောပြစ်မှုပြစ်ဒဏ်များ၊မဲရုံဖွင့်လှစ်ခြင်း၊မဲပေးခြင်း၊မဲရေတွက်ခြင်းနှင့်ပုံစံ များဖြည့်သွင်းခြင်း၊ရလဒ်များထုတ်ပြန်ခြင်း စသည့် ဘာသာရပ်များကိုအသီးသီးပို့ချပေးသွား မည်ဖြစ်ကြောင်သိရသည်။

အဆိုပါ သင်တန်းကို ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ရေးအတွက် ကျန်းမာ​ရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး ယ​နေ့သင်တန်းတွင်  မဲဆန္ဒ နယ်မြေ(၁)ရှိမဲရုံ (၅၃)ရုံမှ မဲရုံမှူးနှင့် ဒုမဲရုံမှူး (၁၀၆)ဦး တက်ရောက်လျက်ရှိပြီး ၂၈-၁၀-၂၀၂၀ ရက်​​နေ့တွင် မဲဆန္ဒနယ်မြေ(၂)ရှိမဲရုံ(၄၂)ရုံမှမဲရုံမှူး၊ဒုမဲရုံမှူး (၈၄)ဦးတိုအားဆက်လက် သင်ကြား ပို့ချသွားမည်ဖြစ်​ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

 

သန်းသန်းမော်(ကျိုက်ထို)