နွားထိုးကြီးမြို့နယ်၌ မဲလက်မှတ်များနှင့် ဆက်စပ်ပစ္စည်းများထုတ်ပေး

နွားထိုးကြီး အောက်တိုဘာ ၂၇

နွားထိုးကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေအလိုက် ဆန္ဒမဲပေးနိုင်ရန် မဲလက်မှတ်များ၊ မဲပုံးများနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပစ္စည်းများကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများက မဲလက်မှတ်များ၊ မဲပုံး၊ လုံခြုံရေးကြိုး၊ အမှန်ခြစ်တံဆိပ်တုံးနှင့်မဲရုံသုံး ဆက်စပ်ပစ္စည်း(၃၂)မျိုးကို ထုတ်ပေးခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့် အညီ မဲဆန္ဒနယ်မြေအလိုက် ရပ်ကွက်နှင့်ကျေးရွာ (၇၂)အုပ်စု၊ မဲရုံ ၂၂၀ ရုံအတွက် ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းအောင်ဇော်