ဇလွန်မြို့၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်များအတွက် ကယ်ဆယ်ရေး ရန်ပုံငွေ ထောက်ပံ့ပေးအပ်

ဇလွန်       အောက်တိုဘာ      ၂၇   

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုဝင်များအတွက် ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ သည်။

ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ရာတွင် အထွဋ်ကျေးရွာအုပ်စု ၊ ရုံးတောကျေးရွာနှင့် ညောင်ပင်သာကျေးရွာအုပ်စု၊ ရေလယ်သောင်ကျေးရွာတို့တွင် အောက်တိုဘာလ ၂၅ ရက်နေ့ တွင်ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် ပြောင်းရွှေ့နေအိမ် ၁၄ လုံးအတွက်နေအိမ် ၁ လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ၁၀၀၀၀၀ နှုန်းဖြင့် ငွေကျပ် (၁,၄၀၀,၀၀၀ ) ၊ ဆန်ရိက္ခာ တစ်ပတ်စာ အတွက် တစ်ဦးလျှင်ငွေကျပ် ၂၁၀၀ နှုန်းဖြင့် စုစုပေါင်း လူဦးရေ ၆၅  ဦးတို့အတွက် ဆန်ရိက္ခာ ထောက်ပံ့ငွေကျပ်  ၁၃၆,၅၀၀ ၊  စုစုပေါင်းထောက်ပံငွေကျပ် ( ၁,၅၃၆,၅၀၀ ) တို့အား  ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)