မြစ်သား အောက်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မဲဆန္ဒနယ်ပြင်ပရောက် ပြည်တွင်း/ပြည်ပမဲဆန္ဒရှင် များထံမှလက်ခံရရှိသော ကြိုတင်ဆန္ဒမဲလက်မှတ်များ ဆန္ဒပြုရန်ပြန်လည်ပေးပို့လာသည့် ဆန္ဒမဲလက်မှတ်များအား ကြိုတင်မဲပုံးအတွင်းထည့်၍ မဲပုံးလုံခြုံရေး ချိတ်ပိတ်ခြင်းများကို ယမန်နေ့ ညနေက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဉက္ကဋ္ဌ ဦးကျော်ဝင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဦးအောင်မြင့်နှင့် အဖွဲ့ဝင် ဦးအောင်ကျော်စိုးတို့က မဲဆန္ဒနယ် ပြင်ပရောက် ပြည်တွင်း/ ပြည်ပမဲဆန္ဒရှင်များထံမှ ကြိုတင်ဆန္ဒမဲပေးသူ (၅၄) ဦး၏ ဆန္ဒမဲလက်မှတ် (၁၆၂)စောင်ကို စာအိတ်အမှတ်စဉ်ရေး၍ (ပုံစံ ၁၈-၁) တွင်ဖြည့်သွင်းပြီးနောက် ကြိုတင်မဲပုံး (၁-၁) သို့ ထည့်သွင်းခဲ့ကြောင်းနှင့် မြစ်သားမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းကိုလည်း ကပ်ထားကြေညာပေးထားရှိကြောင်း သိရသည်။
မြမြမွန်(ပြန်/ဆက်)