ပေါင်းတည်မြို့ ပြည်သူ့ဆေးရုံသို့ ကုသရေးလုပ်ငန်းသုံးပစ္စည်းများ လှူဒါန်းခြင်းနှင့် ကျောင်းတိုက်များသို့ အလှူငွေများလှူဒါန်း

ပေါင်းတည် အောက်တိုဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကုသရေး လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ကုသရေးသုံးပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့ နံနက်  ၁၀  နာရီက မြို့နယ်ဆေးရုံအုပ်ကြီး၏  ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အလှူရှင် ရန်ကုန်မြို့နေ ပါမောက္ခ ဒေါက်တာမြဦးနှင့်ဇနီး ဒေါ်တင်တင်မြတို့၏ (၅၆)နှစ်မြောက် မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် မိသားစုတို့မှ ပေါင်းတည်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများအတွက် အသုံးပြုရန် အောက်စီဂျင်ပေးစက် (၂)လုံးအား  အလှူရှင်များ၏ ကိုယ်စား ပေးအပ်လှူဒါန်းရာ မြို့နယ်ပြည့်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးမင်းနှင့် တာဝန်ရှိများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး အလှူရှင်မိသားစုမှ ပေါ်တော်မူဓမ္မာရုံ ကျောင်း ပညာရေးဖောင်ဒေးရှင်းသို့ အလှူငွေ  ၅ သိန်းနှင့် အာဂမဇောတိကာရုံစာသင်တိုက် ဆွမ်းပဒေ သာပင်အတွက် အလှူငွေ ၅သိန်းကျပ်အား သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တင်ဝင်းဇော် (မင်းသားကြီး)ပေါင်းတည်