ထန်းတပင်မြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲပုံးနှင့် မဲရုံသုံးပစ္စည်းများထုတ်ပေး

ထန်းတပင် (ပဲခူး) အောက်တိုဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် မဲရုံသုံးပစ္စည်းများကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးက ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ယနေ့ နံနက် ၇ နာရီအချိန်က ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ မဲရုံသုံးပစ္စည်းများထုတ်ပေးရာတွင် မဲရုံသုံးပစ္စည်းများ ဖြစ်သည့် မဲရုံများ တည်ဆောက်ရာ၌ သိရှိရ မည့် မဲရုံအခင်းအကျင်း နမူနာပုံစံ မဲရေတွက်ခြင်း ခြင်းတောင်းများ၊ မဲပုံးများ မဲရုံအတွက် ဆန္ဒပြုခန်း အသိပညာပေး ဗီနိုင်းများ၊ လုံခြုံရေးကြိုး၊ မဲရုံမှူး ဒုမဲရုံမှူး မဲရုံအဖွဲ့ဝင်များအတွက် လက်စွဲစာအုပ်၊ ရွေးကောက်ပွဲ တာဝန်ရှိသူများ စစ်ဆေးရန် အချက်အလက်များ ဖြစ်သည့် စာအုပ်များနှင့် မဲရုံများ အတွက် လိုအပ်သည့်ပစ္စည်းများ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ထုတ်ဝေပေးခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ် အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြို့ပေါ် (၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၉)အုပ်စု မဲရုံပေါင်း (၉၄)ရုံရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ လူဦးရေ(၉၄၈၀၃)ဦး ရှိကြောင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)