စည်ပင်သာယာရဲတပ်ဖွဲ့(နေပြည်တော်)မှ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

နေပြည်တော် အောက်တိုဘာ ၂၇

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရေးအတွက် စည်ပင်သာယာရဲတပ်ဖွဲ့(နေပြည်တော်)မှ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲတွင် နေပြည်တော် ခုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်၌ ဆောင်ရွက်ခဲ့ကြသည်။

ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းရာသို့ စည်ပင်သာယာရဲတပ်ဖွဲ့(နေပြည်တော်)မှ တပ်ဖွဲ့မှူး၊ ရဲမှူးကြီး ကျော်ကျော်မင်း၊ ဒုတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး ကြည်ကြည်လွင် နှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး စုပေါင်းသွေးလှူဒါန်း ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်(၁၀)ဦးတို့အား နွားနို့၊ ကြက်ဥနှင့် အာဟာရပြည့်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)