ဇေယျာသီရိမြို့နယ်တွင် အသက်(၆၀)နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခြင်းဆောင်ရွက်

ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စု၊ ရေဆင်းကျေးရွာတွင် ယနေ့နံနက်က ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေမှု အခြေအနေများအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အထူးကိစ္စရပ်များအနေဖြင့် ကြေညာချက် ထုတ်ပြန်၍ ကြိုတင်ဆန္ဒမဲပေးခွင့်ပြုထားသဖြင့် အသက် (၆၀)နှင့်အထက် မဲဆန္ဒရှင် သက်ကြီးဘိုးဘွားများ ကြိုတင်ဆန္ဒမဲများလာရောက်ပေးခဲ့သည်။

ထန်းတပင်မြို့နယ်၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာလေးခုနှင့် တိုက်နယ်ဆေးရုံသို့ ရောဂါကြိုတင် ကာကွယ်ရေးသုံးပစ္စည်းများလှူဒါန်း

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုများမှ ကြိုတင်၍ ကာကွယ်နိုင် ရေးအတွက် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို အခြေခံပညာကျောင်း စင်တာလေးခုနှင့် တက်သစ်တိုက်နယ်ဆေးရုံတို့တွင် အသွားအလာကန့်သတ် စောင့်ကြည့်မှုများကို ဆောင်ရွက်နေပြီး အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာလေးခုနှင့် တက်သစ်တိုက်နယ်ဆေးရုံသို့ ရောဂါကြိုတင် ကာကွယ်ရေးသုံးပစ္စည်းများနှင့် စေတနာဝန်ထမ်းများ အတွက် အလှူငွေများကို ယနေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက သွားရောက်လှူဒါန်းပေးခဲ့ ကြကြောင်း သိရသည်။

အသွားအလာကန့်သတ်စောင့်ကြည့်နေရာတွင် နေထိုင်ပြီးသူ (၉) ဦးအား အိမ်ပြန်ခွင့် လက်မှတ်ပေးအပ်

မင်းတပ်မြို့ Quarantine Centre များ၌ Facility Quarantine နေထိုင်ပြီးသူများအား ယနေ့မွန်းလွဲ ၁ နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်ပြန်ခွင့်လက်မှတ်များ ပေးအပ်ကြောင်း သိရသည်။

ပခုက္ကူခရိုင် မြိုင်မြို့တွင် တောင်ယမားရေလှောင်တမံ ရေစိမ့်ဝင်မှုကြောင့် ပြောင်းရွှေ့ အိမ်ထောင်စု များအား အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံငွေများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် တောင်ယမားရေလှောင်တမံ ရေစိမ့်ဝင် မှုကြောင့်ပြောင်းရွှေ့အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေများကို ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန က ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ် ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် အပြင်ထွက် တိုင်းနှာခေါင်းစည်း(mask)တပ်ဆင်မှု အလေးထား လိုက်နာမှု ရှိစေရန် နေ့စဉ်ကြပ်မတ်စစ်ဆေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် တွင်ကူးစက်မြန်ကိုဗစ်-၁၉ရောဂါကြိုတင်  ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက်ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများပူး ပေါင်းပါဝင်သောကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ကိုဖွဲ့ စည်း၍အသိပညာပေးခြင်း၊စည်းကမ်းလိုက်နာမှုမရှိသူများအား ဒဏ်ငွေပေး ဆောင်စေခြင်းများကို ယမန်နေ့မနက်(၉)နာရီကစ၍ မြို့မဈေးကြီးအတွင်းနှင့် မြို့လယ်ဗိုလ်ချုပ် လမ်းမကြီး ပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ပေါ်ရှိ မဲရုံနေရာစီစဉ်ထားရှိမှုနှင့် မီးဘေးလုံခြုံမှုရှိ/ မရှိ ကြည့်ရှု စစ်ဆေး

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ပေါ်ရှိ မဲရုံများဖြစ်သည့် ဇီးဖြူကုန်း အ.မ.က၊ နားမေတ္တာ အ.မ.က၊ မြို့မ အ.ထ.က(ခွဲ)နှင့် ပေါမိုင်း တရုတ်ဘုံကျောင်းတို့တွင် မဲရုံနေရာစီစဉ်ထားမှုနှင့် မီးဘေးလုံခြုံမှုရှိ/ မရှိကို ယနေ့ နေ့လယ်က ခရိုင်လျှပ်စစ်အင်ဂျင် နီယာမှူး ဦးဇော်ထွန်းဦးဆောင်၍ ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် မဲရုံလုပ်ငန်းများနှင့် မဲပေးပုံအဆင့်ဆင့်အား လက်တွေ့သရုပ်ပြနေမှုများအား တာဝန်ရှိသူ များမှကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပ ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံလုပ်န်းများနှင့် မဲပေးပုံအဆင့်ဆင့်အား မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် ရပ်/ ကျေးကော်မရှင်အတွင်းရေးမှူးများအား ယနေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၌ လက်တွေ့သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခြင်းကို တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် အပြင်ထွက် တိုင်းနှာခေါင်းစည်း(mask)တပ်ဆင်မှု အလေးထား လိုက်နာမှု ရှိစေရန် နေ့စဉ်ကြပ်မတ်စစ်ဆေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် တွင်ကူးစက်မြန်ကိုဗစ်-၁၉ရောဂါကြိုတင်  ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက်ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများပူး ပေါင်းပါဝင်သောကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ကိုဖွဲ့ စည်း၍အသိပညာပေးခြင်း၊စည်းကမ်းလိုက်နာမှုမရှိသူများအား ဒဏ်ငွေပေး ဆောင်စေခြင်းများကို ယမန်နေ့မနက်(၉)နာရီကစ၍ မြို့မဈေးကြီးအတွင်းနှင့် မြို့လယ်ဗိုလ်ချုပ် လမ်းမကြီး ပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ပရဟိတလူမှုကူညီရေးအသင်းများသို့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် PPE Level 2 ဝတ်စုံများ လှူဒါန်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ် များတွင် အသုံးပြုရန် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ PPE Level 2 ဝတ်စုံများအား ပရဟိတအသင်းအဖွဲ့များသို့ ခွဲဝေလှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက ဆောင်ရွက်ခဲ့သည်။
Subscribe to