နာဂဒေကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ တို့ ပေါင်းစပ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ ကြောင်းသိရသည်။

ကိုဗစ်-၁၉ ​​ရောဂါပိုး တွေ့ရှိသူများအနက် ကျန်းမာရေးကောင်မွန်သူ (၂)လသမီး အပါအဝင်(၄၀) ဦး ဆေးရုံဆင်းခွင့် ရရှိ

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများကို မြို့နယ်ကျန်းမာရေးဦးစီး ဌာနက ကျန်းမာရေး စောင့်ရှောက်ကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်တွင် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ(၄၀)ဦး ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။

ကျောက်မဲမြို့တွင် ကိုဗစ်၁၉ ပိုးတွေ့လူနာ တစ်ဦးထပ်တွေ့သောကြောင့် ပိုးတွေ့လူနာပေါင်း ၆ ဦး ရှိပြီဖြစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ Quarantine Center တွင် အသွားအလာကန့်သတ် စောင့်ကြည့်ထားသည့် အသက် ၂၅ နှစ်ရှိ ယာဉ်မောင်းတစ်ထံမှ ယမန်နေ့က ကို‌ဗစ်၁၉ ရောဂါပိုး တွေ့သောကြောင့် ကျောက်မဲမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စုစုပေါင်း ပိုးတွေ့လူနာ ၆ ဦးရှိပြီဖြစ်ကြောင်းသိရသည်။

ကျောက်ကြီးမြို့နယ်တွင် မဲပုံးများအား လုံခြုံရေးကြိုး ချိတ်ပိတ်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်းကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ သည်။

ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ Positive တွေ့ရှိခဲ့သူလူနာနှင့် ထိတွေ့ခဲ့သူများအား Home Quarantine ထားရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ တောင်ရပ်ကွက်၊ နယ်မြေ (၅)နေ ယာဉ်မောင်းလုပ်ကိုင်သူတစ်ဦးသည် ဟိုပုံးမြို့မှ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီ လိတ်မြို့သို့ ကုန်စိမ်းများတင်ဆောင်သည့်ကားအား မောင်းနှင်ပြီး ၎င်းနှင့်အတူ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ ကျောင်းနားကျေးရွာနေ ယာဉ်နောက်လိုက်အဖြစ်လိုက်ပါသူတို့သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့သို့ ယမန်နေ့ ည(၆)နာရီ အချိန်တွင် ရောက်ရှိခဲ့ပြီး မိုင်းပျဉ်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ၎င်းတို့ ၂ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit RN-RDTESSMP ဖြင့် စစ်ဆေးခဲ့ရာ ယာဉ်နောက်လိုက်အဖြစ်လိုက်ပါသူတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သဖြင့် မိုင်းပျဉ်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

ကျုံပျော် မြို့မဈေးအတွင်းရှိ စျေးရောင်း ဈေးဝယ်သူများတွင် Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ မြို့မဈေးအတွင်းရှိ စျေးရောင်း/ဝယ်သူများတွင် Mask များတပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်/ကျေးကော်မရှင်အတွင်းရေးမှူး များအား သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်း အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်/ကျေးကော်မရှင်အတွင်းရေးမှူးများအား မဲရုံဆိုင်ရာသင်တန်း ပို့ချခြင်းနှင့် ဆန္ဒမဲပေးပုံ အဆင့်ဆင့်သရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ကျင်းပသည်။

ကျေးသီးမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲရုံများအား မဲပုံးများနှင့် မဲရုံသုံးပစ္စည်းများထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံများတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့ ညနေပိုင်းက အမှတ်(၂၆)အခြေခံပညာ မူလတန်းကျောင်း၌ စနစ်တကျ ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
Subscribe to