မိုးညှင်း အောက်တိုဘာ ၂၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ရှိ နောက်ဆုံးကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် အမျိုးသမီးသည် ယနေ့ နံနက်ပိုင်းတွင် ရောဂါပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း ခရိုင်ဆေးရုံအုပ်ကြီးလာမာမီးက အတည်ပြု ပြောကြား သည်။
မိုးညှင်းမြို့တွင် စက်တင်ဘာလမှစတင်၍ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများ တွေ့ရှိလာခဲ့ရာ အောက်တိုဘာလအထိ စုစုပေါင်း ၁၈ ဦး ရောဂါအတည်ပြုလူနာတွေ့ရှိခဲ့သဖြင့် မိုးညှင်းခရိုင် ဆေးရုံကြီးတွင် ဆေးကုသမှုပေးခဲ့ရာ ကျန်ရှိနေသည့် အမျိုးသမီး ရောဂါကင်းစင်၍ ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဆေးရုံဆင်းခွင့်ပြုခဲ့သဖြင့် မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ မရှိတော့ကြောင်းသိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသည့် အမျိုးသမီးသည် မိမိနေအိမ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ တစ်ပတ်တိတိ နေအိမ်တွင် နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)