နတ်မောက်မြို့နယ်တွင် မြစိမ်းရောင်မတည်ရန်ပုံငွေစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) အတွက် ကျေးရွာရွေးချယ်ခြင်းလုပ်ငန်းများဆောင်ရွက်

နတ်မောက်  ‌အောက်တိုဘာ   ၂၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊   ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ၊နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁  ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်မတည်ရန်ပုံငွေစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ( VDP ) ဆောင်ရွက်  နိုင်ရန်အတွက် စံသတ်မှတ်ချက်များနှင့်ကိုက်ညီသော ကျေးရွာရွေးချယ်ခြင်းကို ယနေ့နံနက် ( ၉ )နာရီအချိန် ခန့်က ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်တင်လင်းက အဖွင့်အမှာစကား  ပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်က လုပ်ငန်း  လမ်းညွှန်အမှာစကားပြောကြားကာ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းသူရမှ    မြစိမ်းရောင်မတည်ရန်ပုံငွေစီမံကိန်းကျေးရွာနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ( VDP ) ကျေးရွာရွေးချယ်ခြင်း  နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်   မတည်ရန်ပုံငွေစီမံကိန်းအတွက် ကျေးရွာ  (၂)ရွာရွေးချယ်ခြင်းနှင့်  ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ( VDP ) အတွက် ကျေးရွာ(၂၀)ရွာ ရွေးချယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

သင်းသင်းဝေ (နတ်မောက်)