သီပေါမြို့နယ်အတွင်းရှိ (CERP)အရမျိုးစေ့ထုတ်စိုက်ကွက်များ၊ စမ်းသပ်စိုက်ကွက်များအား ဒုတိယအကြိမ် မျိုးကွဲပယ်ခြင်းနည်းပညာပေးကွင်းသရုပ်ပြခြင်းကွင်းဆင်းဆောင်ရွက်

သီပေါ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  ကိုဗစ်၁၉ကာလ စီးပွားရေးကုစားမှု (COVID-19 Economic Relief Plan)  အရ ဆောင်ရွက်သောမိုးစပါး(RS-CS) မျိုးစေ့ထုတ် စိုက်ခင်းများ၊ ခေါင်နှံစိုက်ခင်းများ၊ မိုးစပါးပျိုးသက်နုကောက်ကွက်ကြဲ(SRI)စိုက်ပျိုးနည်းစနစ် စိုက်ခင်းများ၊ မျိုး()မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ခင်းများရှိ ဘော်ကြိုကျေးရွာအုပ်စု ဆားတွင်းကျေးရွာနှင့် မန်ဟဲ ကျေးရွာအုပ်စု နားခဲကျေးရွာတို့တွင် ယနေ့ နံနက်ပိုင်းက ခရိုင်မျိုးစေ့တာဝန်ခံ၊ ခရိုင်ပိုးမွှားတာဝန်ခံနှင့် မြို့နယ်ဦးစီးမှူးတို့က မျိုးကွဲပယ်ခြင်း၊ ပေါင်းမြက်နုတ်ခြင်း၊ပိုးမွှားကျရောက်မှု ရှိ/မရှိ သရုပ်ပြခြင်းများနှင့် တောင်သူ အသိပညာပေးလုပ်ငန်းများကို ဒုတိယအကြိမ်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

မိုးစပါးမျိုးစေ့ထုတ်ဧကများ စိုက်ပျိုးမှုကို သီပေါမြို့နယ် ဆားတွင်းကျေးရွာရှိ လယ်များတွင် (၃၀)ဧကနှင့် နားခဲကျေးရွာရှိ လယ်များတွင်(၂၅)ဧက စုစုပေါင်း(၅၅)ဧကကို စိုက်ပျိုးထားလျက်ရှိပြီး အဆိုပါ မျိုးစေ့ထုတ်လုပ်မှော်ဘီ()စပါးများ အထွက်နှုန်းကောင်းမွန်စေရေး၊ မျိုးရောနှောမှုမရှိစေရေး၊ မျိုးကွဲပယ်ခြင်း၊ ပေါင်းမြက်များနှုတ်ပယ်ခြင်း၊  ရောဂါပိုးမွှား မကျရောက်စေရေး၊ ကျရောက်ပါက ကာကွယ်နှိမ်နင်းရေး နည်းလမ်းများကို တောင်သူများအား ကျောက်မဲခရိုင်မျိုးစေ့ တာဝန်ခံဦးဇော်ဝင်း၊ ကျောက်မဲခရိုင်ပိုးမွှား တာဝန်ခံ ဒေါ်ချောစုထွေးတို့က ပညာပေးဆွေးနွေးပြောကြားခဲ့ပြီး မျိုးစပါးရိတ်သိမ်းချိန်တွင် ပြောင်းလဲလာသည့် ရာသီဥတု အခြေအနေအရ အထူးသတိပြု အချိန်မီစနစ်တကျ ရိတ်သိမ်းခြွေလှေ့သိုလှောင် နိုင်စေရေးအတွက် သီပေါမြို့နယ် ဦးစီးမှူးဦးထွန်းမင်းဦးက တောင်သူများအားအသိပညာပေး ဆွေးနွေး ပြောကြားခဲ့သည်။

သီပေါမြို့နယ်အတွင်း       မိုးစပါးမျိုးစေ့ထုတ်(၅၅)ဧက စိုက်ပျိုးထားပြီး  စမ်းသပ်ကွက်စိုက်ခင်းများ၊ ခေါင်နှံစိုက်ခင်းများ၊ မိုးစပါးပျိုးသက်နုကောက်ကွက်ကြဲ(SRI) စိုက်ပျိုးနည်းစနစ် စိုက်ခင်းများ၊ မျိုး()မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ခင်းများသို့ သက်ဆိုင်ရာစိုက်ပျိုးရေး ကွင်းတာဝန်ခံဝန်ထမ်းများက မျိုးစေ့များ၊ စိုက်ခင်းများ အဆင့်အတန်းပြည့်မီစေရန်အတွက် နေ့စဉ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)