ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ ပရဟိတကျောင်းများမှ (၁၀) နှစ်အောက် ကလေးငယ်များကို အဟာရ ဖြည့်စွက်အစားအစာအဖြစ် အပတ်စဉ် နို့တိုက်ကြွေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ပြင်ဦးလွင် အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ တိုင်းအမျိုးသမီးကော်မတီအဖွဲ့၏ ဦးဆောင်မှုဖြင့် ပရဟိတကျောင်းများမှ  (၁၀) နှစ်အောက်ကလေးငယ်များကို အဟာရဖြည့်စွက် အစားအစာအဖြစ် အပတ်စဉ် နို့တိုက်ကြွေးခြင်း လုပ်ငန်းများကို ယနေ့နံနက် (၈) နာရီအချိန်က ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ ပရဟိတကျောင်း များသို့ အမျိုးသမီး ကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ  သွားရောက်ပြီး ဆက်လက်နို့တိုက်ကျွေးခဲ့ကြသည်။

အဆိုပါ အပတ်စဉ် နို့တိုက်ကြွေးခြင်းလုပ်ငန်းများကို ပြင်ဉီးလွင်မြို့နယ်အတွင်းတွင် ဖွင့်လှစ်ထားရှိ သော ဒိုးပင်အောင်ကံသာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ မျက်မမြင်ပရဟိတဂေဟာ၊ အောင်သာကံမြင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ရွှေစည်းခုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ၊ ရတနာသိန္ဓိ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ရွှေစင်မင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ယေဟောဝါယိရေ ကလေးများဂေဟာနှင့် မေတ္တာရင်ခွင့် မိဘမဲ့ဂေဟာတို့ရှိ (၁၀) နှစ်အောက် ကလေးငယ်များအား အဟာရဖြည့်စွက်အစားအစာအဖြစ် နို့တိုက်ကျွေးခြင်းလုပ်ငန်းများကို  အပတ်စဉ်  ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဇော်မျိုးထိုက် (ပြင်ဦးလွင်)