ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေး

ကွမ်းလုံ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ထံသို့ မဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ကွမ်းလုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၃၁)ခုရှိ မဲရုံပေါင်း(၅၈)ရုံအတွက် မဲလက်မှတ်များ
နှင့် မဲရုံသုံးပစ္စည်း စုစုပေါင်း(၂၃)မျိုးအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံသို့ စိစစ်ထုတ်ဝေပေးခဲ့ကြောင်းနှင့် ကွမ်းလုံမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၇၅၇၆)ဦးရှိ ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

စိုင်းဇော်ခမ်း(ကွမ်းလုံ)