မြို့သစ် အောက်တိုဘာ ၂၇
မကွေးတိုင်းဒေသကြီး ၊မြို့သစ်မြို့နယ်အတွင်းရှိ CBFQများတွင်ထားရှိသည့် ရန်ကုန်မှ ပြန်လာသူ(၁၀) ဦးအား (၂၃ - ၁၀ -၂၀၂၀ )ရက်နေ့က နှာခေါင်းနှင့်အာခေါင်တို့ဖတ်ရယူ၍ မကွေးတိုင်းဒေသကြီး ၊ ပြည်သူ့ဆေးရုံကြီးသို့ ပေးပို့စစ်ဆေးခဲ့ရာ(၇)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရ သည်။
၎င်းတို့မှာ မြင်သာကျေးရွာ FQမှ(မ)(၁)ဦး ၊ ထန်းတပင်ကျးရွာFQမှ (မ)(၁)ဦး ၊ ပင်းစုကျေးရွာ FQမှ (မ)(၁)ဦး ၊ ဂွေးချို(န) ကျေးရွာမှ(မ)(၁)ဦး ၊ ယင်းနားကုန်းကျေးရွာFQမှ (မ)(၁)ဦး ၊ကြို့ကျောင်း ကုန်းကျေးရွာFQမှ(မ)(၁)ဦး ၊ ဖုတ်ကုန်းကျေးရွာFQမှ(မ)(၁)ဦး စုစုပေါင်း (၇)ဦး ဖြစ်ပြီးအဆိုပါ ပိုးတွေ့အတည်ပြုလူနာအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာ ရေး လမ်းညွှန်ချက်များနှင့်အညီ မြို့သစ်မြို့နယ် ဒန့်ဒလွန်ပင် တိုက်နယ်ဆေးရုံ ဝန်းအတွင်းရှိ သီးသန့် ဆောင်တွင် ထားရှိသွားမည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် လူနာများမှာ ကျန်းမာရေးအခြေအနေ ကောင်း မွန်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။
သန်းဝင်ထွန်း ( ပြန်/ဆက်)