ကျုံပျော်မြို့ အရေးပေါ်လူနာတင်ယာဉ်၌ အသုံးပြုရန် အောက်ဆီဂျင်စက် လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ အ.ထ.က (၁) တွင် တက်ရောက်ခဲ့ကြသော ၁၉၉၉ ခုနှစ် ကျောင်းသား ကျောင်းသူဟောင်းများ အဖွဲ့က နာရေးကူညီမှုအသင်း (ကျုံပျော်) အရေးပေါ် လူနာတင်ယာဉ်များတွင် အသုံးပြုနိင်ရန် အောက်စီဂျင်စက်တစ်လုံးကို ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲကြိုတင်ဆန္ဒမဲပေးခြင်း ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ် ၊မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ က ၂၀၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကြိုတင်မဲပေးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူ ခန်းမတွင် ကျင်းပပြုလုပ်သည်။

မြဝတီမြို့ဈေးများ၌ ဈေးရောင်း၊ ဈေးဝယ်သူများအား နှာခေါင်းစည်းများနှင့် Face shield များ တပ်ဆင်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

မြဝတီမြို့ဈေးများ၌ ရောင်းချလျက်ရှိသော စျေးသည်များနှင့်စျေးဝယ်သူများ နှာခေါင်းစည်းများတပ် ဆင်ရန် နေ့စဉ် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောင်းကုန်း၌ အသက်(၆၀)ပြည့်ပြီးသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ပြင်ဆင်ထားရှိမှုအား လိုက်လံကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ရပ်ကွက်နှင့်ကျေးရွာများရှိ ရွေး‌ကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ အသက်(၆၀) ပြည့်ပြီးသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ပြင်ဆင်ထားမှုကို ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

စဉ့်ကိုင်မြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆန္ဒမဲလက်မှတ်များအား ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများသို့ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသက် (၆၀) နှစ်အထက်နှင့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆန္ဒမဲလက်မှတ်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ယနေ့နံနက် (၁၁) နာရီအချိန်က ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ အား ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆန္ဒမဲလက်မှတ်များအား ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများသို့ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသက် (၆၀) နှစ်အထက်နှင့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆန္ဒမဲလက်မှတ်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ယနေ့နံနက် (၁၁) နာရီအချိန်က ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ အား ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကန်ပက်လက်မြို့၌ အသွားအလာကန့်သတ်စောင်ကြည့်ဌာနတွင် နေထိုင်ပြီးစီးသူ(၂)ဦးအား အိမ်ပြန်ခွင့်လက်မှတ်များပေးအပ်

ကန်ပက်လက်မြို့၌ Facility Quarantine နေထိုင်ပြီးစီးသူ(၂)ဦးအား ကန်ပက်လက်မြို့နယ် ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများက အိမ်ပြန်ခွင့်လက်မှတ်များကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဂန့်ဂေါခရိုင် ထီးလင်းမြို့၌ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ဆန္ဒမဲပုံးများနှင့် ဆက်စပ် ပစ္စည်းများ ထုတ်ပေး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကို ပြုလုပ်ကျင်းပသွားမည်ဖြစ်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ အတွက် ဆန္ဒမဲပုံးများ နှင့် ဆက်စပ် ပစ္စည်းများကို ယနေ့ နေ့လယ် ၁ နာရီက အဆိုပါရုံး၌ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်မ​ရော မြို့နယ် အထူးရဲ သင်တန်းတွင် မီဒီယာဥပ​ဒေ နှင့်ကျင့်ဝတ်သင်ခန်းစာ သင်ကြား ပို့ချ ​နေမှုများအားတာဝန်ရှိသူများစစ်​​ဆေး

မွန်ပြည်နယ်၊ကျိုက်မ​ရောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်အ​ထွေထွေရွေး​ကောက်ပွဲ ​အောင်မြင် စွာ ကျင်းပနိုင်​ရေးအတွက် မဲရုံအသီးသီး၌ လုံခြုံ​ရေး တာဝန်ထမ်း​ဆောင်ကြမည့်အထူးရဲ သင်တန်းကို ​အောက်တိုဘာလ၁ရက်​နေ့မှ စ၍ အထကကျိုက်မ​ရော(ပညာ့အားမာန်)ခန်းမ၌ ဖွင့်လှစ်သင်ကြား လျက်ရှိရာ ယ​နေ့နံနက် ၉နာရီခန့်ကသင်တန်းသားများအား မီဒီယာဥပ​ဒေနှင့် ကျင့်ဝတ် သင်ခန်းစာများကို စာ​တွေလက်​တွေ့သင်ကြားပို့ချ​ပေးလျက်ရှိ​ကြောင်း သိရသည်။

ချောင်းသာမြို့ ရပ်ကွက်(၂)တွင် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ထုတ်ပေး

ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က နိုင်ငံသားစီစစ်ရေးကဒ်ပြား မရှိသေးသော ပြည်သူများအတွက် နိုင်ငံသားစီစစ်ရေး ကဒ်ပြားများကို ရပ်ကွက်(၂) အုပ်ချူပ်ရေးမှူးရုံး၌ အိမ်ထောင်စု စာရင်းမူရင်း ယူဆောင်လာစေပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to