ကသာမြို့နယ်တွင် ဝဥလုပ်ငန်းလုပ်ကိုင်သူများ ဝဥဈေးကောင်းရရှိ၍ မိသားစုဝင်ငွေတိုး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ စေတီကုန်းကျေးရွာတွင် ဝဥလုပ်ငန်းကို မိသားစု စားဝတ်နေရေး အဆင်ပြေရန် တစ်ပိုင်တစ်နိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်သူများအနေဖြင့် ယခင်နှစ်ထက် ဝဥဈေးကောင်းရရှိပြီး မိသားစုအတွက် ပုံမှန်ဝင်ငွေရရှိကြောင်း ဝဥလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။