မင်းလှ(အောက်) အောက်တိုဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများကို မြို့နယ်ကျန်းမာရေးဦးစီး ဌာနက ကျန်းမာရေးစောင့်ရှောက် ကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်တွင် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ(၄၀)ဦး ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။
မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်းက ကျန်းမာရေးကောင်းမွန်သူ (၂)လ သမီး အပါအဝင်(၄၀)ဦးကို ကျန်းမာရေး ထောက်ခံချက် ဆေးလက်မှတ်များ ပေးအပ်ကာ မိမိတို့၏ နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ ပြီး ၎င်းတို့ နေအိမ်တွင်(၇)ရက်ကြာ နေထိုင်ရန်နှင့် ကျန်းမားရေးအသိပညာပေး ပြောကြားပေးခဲ့ ကြောင်း၊ ဆေးရုံဆင်းလူနာ များကို ပရဟိတအဖွဲ့ကားများဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ စုစုပေါင်း(၁၁၇)ဦးရှိပြီး ပြည်မြို့၊ ပြည်သူ့ဆေးရုံကြီး သို့ လွှဲပြောင်းပေးသူ(၂)ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၁၀၃)ဦးရှိပြီး၊ ကျန်ရှိသော(၁၂)ဦးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနက စောင့်ကြည့်ကုသပေးလျက်ရှိကြောင်း သိရ သည်။
ပေါက်စ မင်းလှ