ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ Positive တွေ့ရှိခဲ့သူလူနာနှင့် ထိတွေ့ခဲ့သူများအား Home Quarantine ထားရှိ

ဟိုပုံး  အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ တောင်ရပ်ကွက်၊ နယ်မြေ ()နေ  ယာဉ်မောင်းလုပ်ကိုင်သူတစ်ဦးသည် ဟိုပုံးမြို့မှ ရှမ်းပြည်နယ် (အရှေ့ပိုင်း)  တာချီ လိတ်မြို့သို့ ကုန်စိမ်းများတင်ဆောင်သည့်ကားအား မောင်းနှင်ပြီး ၎င်းနှင့်အတူ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ ကျောင်းနားကျေးရွာနေ ယာဉ်နောက်လိုက်အဖြစ်လိုက်ပါသူတို့သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့သို့ ယမန်နေ့ ()နာရီ အချိန်တွင် ရောက်ရှိခဲ့ပြီး မိုင်းပျဉ်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ၎င်းတို့ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit RN-RDTESSMP ဖြင့် စစ်ဆေးခဲ့ရာ ယာဉ်နောက်လိုက်အဖြစ်လိုက်ပါသူတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သဖြင့် မိုင်းပျဉ်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဟိုပုံးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ယာဉ်နောက်လိုက်နှင့် ထိတွေ့ခဲ့သူ () ဦးတို့အား ၎င်းတို့၏နေအိမ်များတွင် Lock Down ချ၍ Home Quarantine ဝင်ရောက်စေခဲ့ပြီး ၎င်းတို့ ဦးအား ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/မရှိ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်နမူနား ရယူစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟိုပုံး(ပြန်/ဆက်)