ဂုံမင်းကွင်းကျေးရွာအုပ်စု၊ ဖြူးစုကျေးရွာတွင် တံတားအသစ်(၁)စင်း တည်ဆောက်ရန် ထောက်ပံ့ငွေ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ကျောက်တံခါးမြို့နယ်၊ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ ဖြူးစုကျေးရွာ တွင် တံတားအသစ်(၁)စင်းတည်ဆောက်ရန်အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝ

မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အဝင်/အထွက်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာခြင်းရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းများ နေ့စဉ်ဆောင်ရွက်လျက်ကြောင်း သိရသည်။

ရှားတောမြို့၌ မြို့နယ်အဆင့် ကျန်းမာရေးဖွံ့ဖြိုးမှုအတွက် ဌာနအချင်းချင်း ပေါင်းစပ်ဆောင်ရွက်မှု ညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြို့နယ်အဆင့် ကျန်းမာရေးဖွံ့ဖြိုးမှု အတွက်ဌာနဆိုင်ရာအချင်းချင်း၊ မိတ်ဖက်အဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ ပြန်လည်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည်(၁)နာရီအချိန်က မြို့နယ်ပြည်သူ့ ကျန်းမားရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျေးရွာသစ် များရွေးချယ်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာ ရေးနှစ်အတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ကျေးရွာ သစ်များ ရွေးချယ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

တိုက်ကြီးမြို့နယ်တွင် အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲပေး နိုင်ရေးနှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင်ပြည်သူ များအနေဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်မည့်ရက် များကို လိုက်လံနှိုးဆော်ပေး လျက်ရှိကြောင်း သိရသည်။

ထူးကြီးမြို့ မြို့မဈေးနယ်နိမိတ်အတွင်းရှိ ဈေးများ၊ လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်များအား သတ်မှတ် စည်းကမ်းချက်များ နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် အင်္ဂပူမြို့နယ် စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ ထူးကြီးမြို့ မြို့မဈေးနှင့် လမ်းဘေးဈေးဆိုင်များ၊ အိမ်ဆိုင် များအား သတ်မှတ် စည်းကမ်းနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့နံနက် ၈ နာရီက လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်အတွင်းရှိ မဲရုံအသီးသီးသို့ မဲပုံးများနှင့် မဲရုံသုံးပစ္စည်းများထုတ်ပေး

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုရန် အတွက် မဲပုံးများနှင့် မဲရုံသုံးပစ္စည်းအမျိုးမျိုးကို ယမန်နေ့မှစ၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ ထုတ်ပေးခဲ့ကြောင်း မြို့နယ် ကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။

ပန်းဘဲတန်းမြို့နယ် Quarantine Centre များသို့ အလှူရှင်များမှ  ထမင်းဗူးများ လာရောက်လှူဒါန်း

ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာမူလ တန်းကျောင်းတွင် ဖွင့်လှစ်ထားသော Quarantine Centre များ သို့ ဦးစည်သူမောင်ဦးဆောင်သော ပရဟိတအဖွဲ့မှ ထမင်းဗူးများ လာရောက် လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မဲရုံလုံခြုံရေးတာဝန်ယူဆောင်ရွက်မည့် အထူးရဲများကို Test kit ဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိစစ်ဆေးခဲ့ရာ အားလုံး Negative အဖြေထွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲနေ့၌ မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် အထူးရဲ တပ်ဖွဲ့ (၁၀၅)ဦးနှင့် နည်းပြဆရာ (၄)ဦးတို့အား ကိုဗစ်-၁၉ ရောဂါရှိ မရှိ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် (swab) နမူနာရယူ၍ Test Kit ဖြင့် ယနေ့ စစ်ဆေးခဲ့ရာတွင် ထွက်ရှိလာသောအဖြေမှာ အားလုံး (All Negative) ကိုဗစ်-၁၉ ရောဂါမရှိကြောင်း သိရသည်။

မံစီမြို့နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၀)ကို ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to