သီပေါမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HVP)အကြောင်းသိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနမှ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HVP) အကြောင်းနှင့် (HPV)ပိုးနှင့် ပတ်သက်သော သိကောင်းစရာ အသိပညာပေးနံရံကပ်စောင်အား ပြည်သူများအသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ရုံးရှေ့ အလူမီနီယံမြေစိုက်နံရံကပ်ပြဘုတ်ဘေးတွင် သီးသန့်ပြဘုတ်ဖြင့် ယနေ့နံနက်ပိုင်းက ပြသ ဆောင်ရွက် ပေးခဲ့သည်။

ပုသိမ် လူမှုကူညီအကိုများအဖွဲ့မှ ရေဆိုင်ကျေးရွာသို့ စားသောက်ကုန်များ သွားရောက်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်လူမှုညီအကိုများအဖွဲ့မှ ကိုဗစ်-၁၉ ကာလအတွင်း လူမှုကူညီ ကယ်ဆယ်ရေးများ လုပ်ဆောင်လျက်ရှိရာ ကန်ကြီးထောင့်မြို့နယ် ရေဆိုင်ကျေးရွာတစ်ရွာလုံးကို lockdown သက်မှတ် ထားသည့် ကျေးရွာအတွင်းရှိ အိမ်ထောင်စု ၆၀ ရဲ့စားဝတ်နေရေးခက်ခဲမှုကို တစ်ဘက်တစ်လမ်းမှ ကူညီ ဖြေရှင်းပေးသည့် အနေဖြင့် အောက်တိုဘာလ ၂၆ရက်နေ့ နေ့လည်ပိုင်းက အခြေခံစားသောက်ကုန်များ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲအသီးသီးသို့ ကြိုတင်ဆန္ဒမဲ လက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများထုတ်ပေး

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ​ရွေးကောက်ပွဲတွင် မဲရုံများ၌ အသုံးပြုမည့် မဲရုံသုံးပစ္စည်းများနှင့် ကြိုတင်ဆန္ဒမဲလက်မှတ်များကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်အတွင်း အသုံးပြုမည့် မဲရုံသုံးပစ္စည်းများ သက်ဆိုင်ရာတာဝန်ရှိသူများထံ ထုတ်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်းရှိ မဲရုံများ၌ အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများထံ ထုတ်ပေးခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ မဲရုံများအတွက် မဲရုံသုံးပစ္စည်းများနှင့် ကြိုတင်မဲလက်မှတ်များ စတင်ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အသုံးပြုရန်၊ ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ မဲရုံများအတွက် မဲရုံသုံး ပစ္စည်းများကို ယနေ့နံနက် (၉) နာရီအချိန်က ဆည်ပေါက်ကျေးရွာရှိ မဲရုံသုံးပစ္စည်းများထားရှိရာ၊ စိုက်ပျိုးရေးဂိုထောင်တွင် စတင်ထုတ်ပေးခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်အတွင်း အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၊ မြို့နယ်ခန်းမတွင် ပြုလုပ်သည်။

ကာမိုင်းမြို့၌ မဲရုံမှူး၊ ဒုမဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ပို့ချ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း မြစိမ်းရောင် ခန်းမ၌ ဖွင့်လှစ်ပို့ချပေးခဲ့သည်။

နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများထံ ကြိုတင်ဆန္ဒမဲလက်မှတ်များ ထုတ်ပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒနယ်အလိုက် ကြိုတင်ဆန္ဒမဲပေးမည့်သူများအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်များကို ယနေ့ မွန်းတည့် ၁၂ နာရီမှစတင်၍ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကန်ကြီးထောင့် မြို့နယ်အတွင်းရှိ မဲရုံများအတွက် မဲပုံးနှင့်မဲရုံသုံးပစ္စည်းများ ထုတ်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုမည့် မဲပုံးများနှင့် မဲရုံသုံးပစ္စည်းများကို အောက်တိုဘာ ၂၄ ရက်မှ စတင်၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသို့ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၁၀၀၀ နီးပါးရှိလာ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၉၅၂ ဦးရှိပြီး သေဆုံးသူ ၂၆ ဦးရွိကာ ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၈၇ ဦးအထိရှိလာပြီကြောင်း ယမန်နေ့ ညနေပိုင်းက သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုအထောက်အကူပြုကော်မတီမှ သိရသည်။   
Subscribe to