နန်းယွန်း အောက်တိုဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်း အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်/ကျေးကော်မရှင်အတွင်းရေးမှူးများအား မဲရုံဆိုင်ရာသင်တန်း ပို့ချခြင်းနှင့် ဆန္ဒမဲပေးပုံ အဆင့်ဆင့်သရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘာမန်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ရွေးကာက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးဇော်မင်းသိန်းက ရွေးကောက် ပွဲနှင့်သက်၍ ပို့ချပေးမည့်အချက်အလက်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မဲရုံဖွင့်လှစ်ခြင်း၊ ပိတ်ခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များအား မဲပေးပုံ အဆင့်ဆင့်၊ ကြိုတင်မဲပုံးအား လက်ခံရရှိခြင်း၊ ဖွင့်ဖောက်ခြင်း၊ ခိုင်လုံမဲ၊ ပယ်မဲများစိစစ် ရွေးချယ်ခြင်း စသည့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းအဆင့်ဆင့်ကို သရုပ်ပြသဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အဆိုပါရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်သရုပ်ပြသခြင်းသို့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘာမန်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးချောအောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်း ရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
ဟန်ကမ်း(ပြန်/ဆက်)