ကျုံပျော် အောက်တိုဘာ ၂၇
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ မြို့မဈေးအတွင်းရှိ စျေးရောင်း/ဝယ်သူများတွင် Mask များတပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများဦးဆောင်၍ ဈေးရောင်း ဈေးဝယ်သူများတွင် Mask များတပ်ဆင်ခြင်း ရှိ/မရှိကို လိုက်လံစစ်ဆေးကြပြီး Mask မတပ်ဆင်ပါက ဒဏ်ကြေးသတ်မှတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဈေးအတွင်း အဆိုပါ စစ်ဆေးခြင်းကိုနေ့စဉ် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ်အတွင်းရှိ ဈေးများအားလုံးတွင် အခြေခံစားသောက်ကုန်များကိုသာ နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီအထိ ရောင်းချခွင့်ပြုထားကာ အခြားဈေးဆိုင်များကို ရက်ကန့်သတ်၍ ပိတ်သိမ်းထားကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)