မန္တလေးစွယ်တော်မြတ်စေတီ (၂၇)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော် ရွှေကြာသင်္ကန်းရက်လုပ်လှူဒါန်းပွဲ၊ ဗုဒ္ဓဘိသေကအနေကဇာတင်လှူပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ မန္တလေးမြတ်စွယ်တော်စေတီတော်ကြီး၏ (၂၇)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော် ရွှေကြာသင်္ကန်းရက်လုပ်လှူဒါန်းပွဲ၊ ဗုဒ္ဓဘိသေကအနေကဇာတင်လှူပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါစေတီတော်မြတ်ကြီး၏ ပရဝုန်အတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။