နတ်မောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ချည်မျှင်ရှည်ဝါ တိုးတက်ထုတ်လုပ်ရေး စီမံကိန်းအရ မျိုးဝါစေ့ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ချည်မျှင်ရှည်ဝါတိုးတက်ထုတ်လုပ်ရေး စီမံကိန်းအရ မျိုးဝါစေ့ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။