နတ်မောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ချည်မျှင်ရှည်ဝါ တိုးတက်ထုတ်လုပ်ရေး စီမံကိန်းအရ မျိုးဝါစေ့ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ

နတ်မောက် ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ချည်မျှင်ရှည်ဝါတိုးတက်ထုတ်လုပ်ရေး စီမံကိန်းအရ မျိုးဝါစေ့ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ချိုက ဝါသီးနှံစိုက်ပျိုးတိုတက်ရေးစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်း‌ပြောကြားခဲ့သည်။

ထို့နောက် ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ် ဧရိယာတိုးချဲ့ရေးနှင့် စံပြကွက်တောင်သူများအား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များက မျိုးဝါစေ့များကို ကျေးရွာအုပ်စု (၂၈)အုပ်စုရှိ တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုများမှ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း