ဆီဆိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

ဆီဆိုင် ဇွန် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများစာရင်းကို ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာနများဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်းများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၅၈)ဦး၊ ကျောင်းသူ (၁၈၃)ဦး၊ စုစုပေါင်း(၂၄၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ကျောင်းသား (၂၈)ဦး၊ ကျောင်းသူ (၁၁၅)ဦး၊ စုစုပေါင်း (၁၄၃)ဦး အောင်မြင်ခဲ့၍ ငါးဘာဂုဏ်ထူးရှင် (၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၅)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၂၄)ဦး ထွက်ရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၅၉.၃၄)ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးမြတ်(ဆီဆိုင်)