တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ဆီးချို၊ သွေးချိုရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပ

တောင်တွင်းကြီး ဇွန်

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ဆီးချို၊ သွေးချိုရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့နေ့လယ်(၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေထွန်းတို့က ဆီးချို၊ သွေးချိုရောဂါလက္ခဏာများ၊ ဆီးချို၊ သွေးချိုရောဂါ ဖြစ်နိုင်ခြေရှိသူများ၊ ဆီးချို၊ သွေးချိုရောဂါမဖြစ်အောင် ပုံမှန်စစ်ဆေးရမည့်နည်းလမ်းများ၊ ဆီးချို၊ သွေးချိုရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show)အပြည့်အစုံကို ပြည်သူများ ဆီးချို၊ သွေးချိုရောဂါနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်အတွက် တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် page တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)