ပလောက် ဇွန် ၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club၊ Youth Club၊ Woman Club အသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ နတ်သျှင် (ရွှေဂူ)၏ “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး “လူငယ်များကို ပျိုးထောင်ပေးပါ” အကြောင်းကို လည်းကောင်း၊ Woman Club အသင်း အတွင်းရေးမှူး ဒေါ်အေးနန္ဒာက “သူရဲကောင်းလူသားများ”အကြောင်းကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်ချိုချိုဌေးက “စာဖတ်ခြင်း အတတ် ပညာ”အကြောင်းကိုလည်းကောင်း၊ Book Club အသင်းဝင် ဦးဆန်းဝင်းထွန်းက “လူငယ်နှင့် အပေါင်းအသင်း”အကြောင်းကိုလည်း ကောင်း အသီးသီးဖတ်ကြားခဲ့ကြသည်။
ထို့နောက် စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်မှ မိမိတို့ ဖတ်ရှုထားသည်များကို ပြန်လည်ဆွေးနွေးခြင်း၊ ရရှိလာသည့် အသိပညာဗဟုသုတနှင့် စာပေဆိုင်ရာ အသိအမြင်များကို အပြန်အလှန်ဆွေးနွေးဖလှယ်ခြင်းများဆောင်ရွက်ခဲ့ကြသည်။
ယင်းစာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသည့် ဝါသနာတူကလပ်အသင်းများဖြစ်သော Book Club၊ Youth Club၊ Woman Club အသင်း အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်၊ စာပေဝါသနာရှင် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
နှင်းမြူလွင်