ငပုတောမြို့၌ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)အား ဒေသခံပြည်သူများကြိုဆို
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ဆေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်မှူးကြီးခွန်ဇော် ဦးဆောင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယမန်နေ့ နံနက် ၁၀ နာရီက ငပုတောမြို့သို့ ရောက်ရှိခဲ့ရာ ငပုတောမြို့ - မြို့မ တံတားတွင် ဒေသခံပြည်သူများက ကြိုဆိုခဲ့ကြောင်း သိရသည်။