၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကံမမြို့နယ်မှ ကျောင်းသား ကျောင်းသူ (၇၉.၄၁)ရာခိုင်နှုန်း အောင်မြင်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများအား ယနေ့နံနက်(၆)နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်း(ကံမ)တွင် ကပ်ထားကြေညာထားရှိရာ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

ဝန်းသိုမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများအနေဖြင့် စာပေလေ့လာဖတ်ရှုမှတ်သားမှု ပိုမိုတိုးတက်ကောင်းမွန်လာစေရန်နှင့် လူမှုဆက်ဆံရေးတို့တွင် များစွာအထောက်အကူပြုနိုင်စေရန်၊ တစ်ဦးနှင့်တစ်ဦးပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ (၁) ၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၇ နေ့ညနေပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ဌာနဆိုင်ရာများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

မိုင်းရှူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်(၅)နာရီအချိန်က မိုင်းရှူး၊ ဝမ်ကန်အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ကြေညာ‌ခဲ့သည်။

နမ့်စန်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဘာသာစုံဂုဏ်ထူးရှင် ၁ ဦး အပါအဝင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၇၉ ဦး ဖြေဆိုအောင်မြင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက အ.ထ.က (နမ့်စန်) စာစစ်ဌာနနှင့် အထက(ခိုလန်) စာစစ်ဌာနတို့တွင် ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၇၉ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။

ကံမမြို့နယ် ကျောက်ပြုတ်ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက ကံမမြို့နယ် အင်းကြီးကုန်းကျေးရွာအုပ်စု ကျောက်ပြုတ်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ ၅၁.၆၁% ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်

လယ်ဝေးမြို့နယ်တွင် ၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ၆၆.၇၄ ရာခိုင်နှုန်းဖြင့် အောင်မြင်

၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့ နံနက် ၆ နာရီက ထုတ်ပြန်ကြေညာရာ၊ ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ၆၆.၇၄ ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (၇၇.၈၆) အောင်ချက်ရာခိုင်နှုန်းရှိ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၄ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ထုတ်ပြန်ခဲ့ရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (၇၇.၈၆) အောင်ချက်ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ညောင်ဦးခရိုင်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေသည့် ကျောင်းသား/ကျောင်းသူ ၇၇၈၇၄ ဦးရှိ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား/ကျောင်းသူများအား မေ ၂၃ နံနက် ၉ နာရီအချိန်မှစတင်ပြီး ကျောင်းအပ် လက်ခံလျက်ရှိရာ ဇွန် ၈ ရက်နေ့ထိ ကျောင်းအပ်နှံသည့် ကျောင်းသား/ကျောင်းသူ (၇၇၈၇၄)ဦးရှိကြောင်း ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံမှ သိရသည်။
Subscribe to