တံတားဦးမြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ ကျောင်းသား/သူများအား နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ နံရံကပ်ဓါတ်ပုံပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/သူများအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန် မြှင့်တင်ရေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်ဓါတ်ပုံပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်း များကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် ပန်းယျကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ဆောင်ရွက်ပေးကြောင်း သိရသည်။