သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာFirst booster၊Second booster၊Third booster (၂၀၄၀) ဦးတို့ကို Sinopharm ထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား First Booster Sinopharm(၂၆)ဦး၊ Second Booster Sinopharm (၆၉) ဦး၊ Third Booster Sinopharm (၁၇၅) ဦးတို့ကို Sinopharm ထပ်ဆောင်းထိုးနှံနိုင်ခဲ့သည်။

သာပေါင်းမြို့နယ်အတွင်းရှိ မူကြိုကျောင်းများ သွေးလွန်တုပ်‌ကွေးရောဂါကာကွယ်ရေးအတွက် ဖုံး၊သွန်၊လဲ၊စစ်ခြင်း၊အဘိတ်ဆေးခတ်ခြင်းများ စဉ်ဆက်မပျက်ကြပ်မတ်ဆောင်ရွက်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာအုပ်စုနှင့် အောင်တပ်ကျေးရွာအုပ်စုများရှိ မူကြိုကျောင်းများတွင် သွေးလွန်တုပ်‌ကွေးရောဂါကာကွယ်ရေးအတွက် ယမန်နေ့ ၈ ရက်နေ့တွင် ခြင်ခိုလှုံပေါက်ဖွားနိုင်သောနေရာများအား လိုက်လံစစ်ဆေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ ရေတွင်း၊ ရေကန်အတွင်းသို့ အဘိတ်ဆေးခတ်ခြင်းများစဥ်ဆက်မပျက် ဆောင်ရွက်ပေးနေလျက်ရှိသည်။

ငပုတောမြို့၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်နိုင်ရေး ကော်မတီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ (၂၄)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးအတွက် ကော်မတီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေးကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သာပေါင်းမြို့နယ်အတွင်းရှိ တောင်သူများအား ချေးငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေးကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။

တောင်တွင်းကြီးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာနှုန်း(၇၅.၄၄)ရှိ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်ကျောင်းနှင့် သက်ဆိုင်ရာစာစစ်ဌာနများတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်(၆)နာရီမှစ၍ ထုတ်ပြန်ထားကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အမှတ်(၇)၊ ပြည်‌တော်သာရပ်ကွက် အတွင်းရှိနေအိမ်များ၌ အဘိတ်ဆေးခတ်ပေးခြင်းနှင့် အသိပညာပေးပြောကြားခြင်းကို‌ ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။

လဲချားမြို့နယ်တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် (၂၀၂၂-၂၀၂၃)ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် (၆)နာရီက အ-ထ-က(လဲချား)ကျောင်းတွင် ထုတ်ပြန်ကြေညာ‌ခဲ့သည်။

မူဆယ်မြို့တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာ‌မေးပွဲအောင်စာရင်းများ ထွက်ရှိ

၂၀၂၃ ခုနှစ်၊ ဇွန်လ(၉)ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ တက္ကသိုလ်ဝင်စာ‌မေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းထုတ်ပြန်ကြေညာလျက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စာစစ်ဌာနကျောင်းတွင် ယနေ့နံနက်(၆း၀၀)နာရီအချိန်က တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထွက်ရှိခဲ့ပါသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာရာ ဖြေဆိုအောင်မြင်မှု ၇၈ ဒသမ ၄၂ ရာခိုင်နှုန်း အောင်မြင်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ကြေညာခြင်းကို ယနေ့နံနက် ၆ နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ထုတ်ပြန်ကြေညာပေးထားကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင် စာရင်းများကို ကျန်းမာရေဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနဲ့အညီ ယနေ့က မြို့နယ်ပညာ ရေးမှူးရုံးနှင့် အ.ထ.က(မြို့ပြင်)၊ အ.ထ.က(စစ်ကွင်း) ကျောင်းတို့တွင် ကြေညာကပ်ထား‌ကြောင်း သိရသည်။
Subscribe to