မိုးနဲမြို့နယ်၌ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစီအစဥ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲအချိန်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မြို့နယ် ရဲစခန်းမှူးရုံးသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများအား အခြေခံစားသောက်ကုန်များကို ပြင်ပစျေးနှုန်းများထက်လျော့ချကာ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ယနေ့ နံနက် ၇ နာရီက စည်ပင် သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဘုန်းတော်ကြီးကျောင်းများသို့  ဆွမ်းဆန်၊ ဆီနှင့် အခြားလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက မိုးရာသီကာလအတွင်း လှူဖွယ်ဝတ္ထုများ ပိုမိုပြည့်စုံ လုံလောက်မှု ရှိစေရန်အတွက် မကျေးငူကျေးရွာရှိ မင်္ဂလာရာမ တောင်ပေါ်ကျောင်းနှင့် ရွာမရပ်ကွက်ရှိ ညောင်ဝိုင်း ဘုန်းတော်ကြီးကျောင်းများရှိ ဆရာတော်သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်၊ ဆီနှင့် အခြားလှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်များ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ပျဉ်းမနားမြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်း လုပ်ငန်းစဉ်များအား ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် လူဝင်မှု​ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရပ်ကွက်/ကျေးရွာများအတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များကို ယနေ့နံနက်ပိုင်းက သကြားစက်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ၆၇ ဒသမ ၃၀ ရာခိုင်နှုန်း အောင်မြင်

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ရာ အောင်ချက် ၆၇ ဒသမ ၃၀ ရာခိုင်နှုန်းအောင်မြင်ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (၇၈.၁၇)ရာခိုင်နှုန်း အောင်မြင်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းထုတ်ပြန်ခြင်းကို ယနေ့နံနက် ၆ နာရီ အချိန်က မြို့နယ်ပညာရေးမှူးရုံး၌ ထုတ်ပြန်ကြေညာခဲ့ရာ (၇၈.၁၇)ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့တွင် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက် (၃)ခုအတွင်းရှိ အသက်(၁၅) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ ရွှေပြည်အေး(၁၁) ထပ်ဘုရားကြီးဆေးထိုးစုရပ်နှင့် မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး ဆေးထိုးစုရပ်တွင် ထိုးနှံ ပေးကြောင်း သိရသည်။

ကျွန်းစုမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြည်သူများနှင့် မော်တော်ယာဉ်မောင်းနှင်သူများကို  လူမှုပတ်ဝန်းကျင်၌ နေ့စဉ်လှုပ်ရှားသွားလာရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ ဖြတ်ကူးသွားလာရေးတို့ကို သိရှိနိုင်စေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က  ကျွန်းစုမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ၆၄ ဒသမ ၁၂ ရာခိုင်နှုန်းဖြင့် အောင်မြင်

၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက ထုတ်ပြန်ကြေညာရာ၊ ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ၆၄ ဒသမ ၁၂ ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ၅၉ ဒသမ ၃၁ ရာခိုင်နှုန်းဖြင့် အောင်မြင်

၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက ထုတ်ပြန်ကြေညာရာ၊ ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်အတွင်း ၅၉ ဒသမ ၃၁ ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။
Subscribe to