ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် အဆိုပြုစီမံကိန်းလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်ရန်တင်ပြသည့် အဆိုပြုစီမံကိန်းလုပ်ငန်းများနှင့်ပက်သက်၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်း ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သာပေါင်းမြို့နယ်မှ MSMEs ထုတ်ကုန်ပစ္စည်းတစ်မျိုး ရွေးချယ်ပြသနိုင်ရေး စီမံဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် MSMEs ထုတ်ကုန်ပစ္စည်းတစ်မျိုး ရွေးချယ်ပြသနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်တို့နှင့် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်း၌ တွေ့ဆုံစီမံဆောင်ရွက်ခဲ့သည်။

မိုးနဲမြို့နယ် ဆင်တောင်(လွိုင်စန့်)ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နယ်မြေ ထိန်းသိမ်းရေးလုပ်ငန်းများ စတင်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊နမ့်စန်ခရိုင် မိုးနဲမြို့နယ်ကျက်သရေဆောင် ဆင်တောင် (လွိုင်စန့်) ရှေးဟောင်း ဘုရားစေတီ ယဉ်ကျေးမှုအမွေအနှစ်နယ်မြေ ထိန်း‌သိမ်းရေးကြီးကြပ်မှု‌ကော်မတီအနေဖြင့် ဆင်တောင် (လွိုင်စန့်) စေတီမြေထိန်းနံရံ ပြုပြင်ထိန်းသိမ်းရေးအတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၄ နာရီခွဲအချိန်က အဆိုပါစေတီတော်နေရာ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

မင်းဘူးမြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဆွေးနွေးပွဲကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာအောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းတို့က ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

မိုင်းလုံမြို့ ပြည်သူ့ဆေးရုံတွင် ပြည်သူများကသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြည်သူ့ဆေးရုံတွင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် စာပေချစ်သူများစာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့နံနက်(၉)နာရီက သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဆရာကြည်အောင်၏ ကဗျာပေါင်းချုပ်စာအုပ်မှ ခါတကောင်ခံ တပင်ကဗျာကိုဖတ်၍  တစ်ဦးနှင့်တစ်ဦးအတွေးအမြင်များ ဆွေးနွေးခဲ့သည်။

မံစီမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ကဗျာရေးသားပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် အခြခံပညာအထက်တန်းကျောင်း(မံစီ)၌ ယမန်နေ့နံနက် ၁၀ နာရီက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ကဗျာရေးသားပြိုင်ပွဲ ကျင်းပခဲ့သည်။ 

ပွင့်ဖြူမြို့နယ်၌ ပန်းမုံလာသီးနှံ ဈေးကောင်းရရှိ၍ တောင်သူများ အားထားစိုက်ပျိုးလုပ်ကိုင်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပန်းမုံလာသီးနှံ ဈေးကောင်းရရှိနေ၍ ဒေသခံတောင်သူများက မုန်းချောင်းရေနှင့် မြေအောက်ရေကိုအမှီပြု၍ ပန်းမုံလာသီးနှံစိုက်ပျိုးရေးလုပ်ငန်းအား အားထားစိုက်ပျိုးလုပ်ကိုင်နေကြကြောင်း ပွင့်ဖြူမြို့နယ်သရက်အုပ်ကျေးရွာအုပ်စုမှ ဒေသခံတောင်သူများထံက သိရသည်။

မိတ္ထီလာမြို့နယ် သရက်ပင်(အရှေ့)ကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းအား မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သရက်ပင်(အရှေ့)ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းအား မြေသားတင်ဂျင်းခင်းလုပ်ငန်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ရွှေစက်တော် ဘုရားပွဲရာသီအမီ သမိုင်းဝင်ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ရွှေစက်တော် ဘုရားပွဲတော်ရာသီအမီ မင်းဘူး(စကု)မြို့နယ်၏ သမိုင်းဝင် အထင်ကရစေတီတော် တစ်ဆူဖြစ်သော ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးတွင် ခရီးသွားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားကြောင်း စက္ကိန်းတဲဘုရား ဘဏ္ဍာထိန်း ဂေါပကဥက္ကဋ္ဌ ဦးကျော်သိန်းထံမှ သိရသည်။
Subscribe to