တုံတာမြို့၌ “နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည် မြင့်မားစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါရုံးရှိ (Community Centre) ခန်းမ၌ နိုင်ငံ့ဝန်ထမ်းနည်းဥပ‌ဒေများ စာအုပ်အခန်း(၁၅)ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူ ကျောင်းသား/သူ (၁၂)ဦးရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်ပျဉ်းမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက အထက(မိုင်းပျဉ်း) စာစစ်ဌာနတွင် ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း (၁၂) ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်အတွင်းရှိ တောင်သူများမှ မိုးစပါးစိုက်ဧက(၁၂၀၈၄၃)ဧကကို စိုက်ပျိုးရန်အတွက် ကြိုတင်ပြင်ဆင်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၃ခုနှစ်၊  မိုးရာသီအတွင်း မိုးစပါးစိုက်ပျိုးနိုင်ရန်အတွက်  လယ်ထွန်စက်များဖြင့် ထယ်ထိုး၊ ထွန်မွှေခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိသည်။

ပြင်ဦးလွင်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်ခြင်းကို  ဇွန် ၉ ရက် နံနက် ၄ နာရီကစတင်၍ ပြင်ဦးလွင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာကျောင်းများ၌ အသီးသီးထုတ်ပြန်ထားကြောင်းသိရသည်။   

ခင်းမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို စာစစ်ဌာန (၅) ခုတွင်ထုတ်ပြန်

ပညာရေးဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက စာစစ်ဌာန(၅)ခုတွင် ထုတ်ပြန်ပေးကြောင်း သိရသည်။

ဖျာပုံမြို့၌ ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် ဒေသထုတ်ကုန် (MSMEs)အထူးစျေးရောင်းပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် ဒေသထုတ်ကုန် (MSMEs) အထူးစျေးရောင်းပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်သည်။

ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် သင်တန်းများဖွင့်လှစ်မည်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ အမှတ်စဉ် (2/၂၀၂၃)သင်တန်းကို ဇွန် ၁၂ ရက်နေ့တွင် ဖွင့်လှစ်မှာဖြစ်ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာစာစစ်ဌာနများတွင် ယနေ့နံနက်ပိုင်းကစတင်၍ ထုတ်ပြန်ကြေညာပေးထားကြောင်း သိရသည်။

မအူပင်မြို့တွင် စီးပွားရေးလုပ်ငန်း (MSMEs) ထုတ်ကုန်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ဒေသတွင်းအသေးစား၊ အလတ်စားနှင့် အငယ်စားစီးပွားရေးလုပ်ငန်း (MSMEs) ထုတ်ကုန်ပြပွဲကို အမှတ် (၄) ရပ်ကွက် တိုးရွှေဝါခန်းမတွင် ယမန်နေ့က စတင်ဖွင့်လှစ်သည်။

သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ စည်ပင်သာယာရေး‌ကော်မတီက ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်‌ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ စည်ပင်သာယာရေး‌ကော်မတီက အမှတ်(၃)ရပ်ကွက်၊ရုံးကုန်းသာလမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (အပိုင်း-၁) နှင့် (အပိုင်း-၂) အား ယမန်နေ့ ဇွန်လ ၈ ရက်နေ့ ညနေ ၃ နာရီအချိန်က သွားရောက်ကြည့်ရှု စစ်ဆေးမှာကြားခဲ့သည်။
Subscribe to