သပိတ်ကျင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် တောင်ကျရေများစီးဆင်းပြီး မျောပါပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု( ၂)စုအားထောက်ပံငွေပေးအပ်
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးတောင်ကျရေများ ၊အများအပြားစီးဆင်းခဲ့ကာ လူနေအိမ်( ၁)လုံးမျောပါသွားခဲ့ပြီး နေအိမ်( ၁)လုံး ပျက်စီးခဲ့သည့် ကျောက်ဖြူကျေးရွာအုပ်စု၊ တောင်လယ်ကျေးရွာ လူနေအိမ်(၂) လုံးမှ အိမ်ထောင်စုဝင်များအား ယနေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများမှ ထောက်ပံ့ငွေများသွားရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။