ညောင်ဦး ဇွန် ၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းအုပ်စု ကံကျဲကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့်စံပြကျေးရွာသို့ဝေမျှခြင်းပရဟိတမိသားစုက ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က သောက်သုံးရေ ၁၆၀၀ ဂါလံသွားရောက်လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် အေးမေတ္တာရေအလှူတော်တာဝန်ရှိသူ ဦးဝင်းမင်းထွန်းထံကသိရသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၊ တဲတိုက်၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းများသို့ သောက်သုံးရေအလှူခံလာပါက ဝေမျှခြင်းပရဟိတအသင်းကသွား ရောက်လှူဒါန်းလျက်ရှိရာ ယနေ့တွင်လည်း ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု၊ ကံကျဲကျေးရွာ အခြေခံပညာမူလတန်း ကျောင်းသားကျောင်းသူများ သောက်သုံးရန် ရေဂါလံ(၈၀၀)နှင့် စံပြကျေးရွာအတွက် သောက်သုံးရေဂါလံ (၈၀၀) စုစုပေါင်း သောက်သုံးရေဂါလံ (၁၆၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ဒီပါလင်း