မြောင်းမြမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရှင် တစ်ဦးနှင့် အတူ ဂုဏ်ထူးရှင်ပေါင်း ၂၃၅ ဦးပေါ်ထွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရှင်တစ်ဦးနှင့်အတူ ဂုဏ်ထူးရှင်ပေါင်း (၂၃၅)ဦး ပေါ်ထွက်ခဲ့ပြီး အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၇၈) ဦးရှိကြောင်း သိရသည်။

ကြံခင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မီးဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ထောက်ပံ့ပစ္စည်းများကို ကြံခင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မီးဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့နံနက်ပိုင်းကကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တမူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုထားသည့် အောင်စာရင်းများကို ယနေ့နံနက် (၆) နာရီကထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ၇၄ ဒသမ ၀၄ ရာခိုင်နှုန်းဖြင့် အောင်မြင်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက ပညာရေးမှူးရုံးနှင့် စာစစ်ဌာန (၃)ခုတွင် ကပ်ထား ကြေညာလျက်ရှိရာ ချောက်မြို့နယ်အတွင်း ၇၄ ဒသမ ၀၄ ရာခိုင်နှုန်းဖြင့်အောင်မြင်ခဲ့ကြောင်း သိရသည်။

မိုင်းခတ်မြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်‌ကြေညာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်က မိုင်းခတ်မြို့နယ်ပညာရေးမှူးရုံး၌ ထုတ်ပြန်ကြေညာကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ တက္ကသိုလ်စာမေးပွဲတွင် ဓနုဖြူမြို့နယ်မှ (၆) ဘာသာဂုဏ်ထူးရရှိသူ(၁)ဦးရှိပြီး မြို့နယ်အဆင့် အောင်ချက်(၇၃.၅၂%) ရှိကြောင်းသိရ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆) ဘာသာဂုဏ်ထူးရရှိသူ (၁) ဦးရှိပြီး မြို့နယ်အဆင့် အောင်ချက် (၇၃.၅၂%) ရှိကြောင်း သိရသည်။

ဟင်္သာတမြို့နယ်အတွင်း စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများက ဟင်္သာတမြို့နယ်အတွင်း စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ယမန်နေ့ ညနေ ၃ နာရီက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

မိုင်းလုံမြို့တွင် ယာယီစာသင်‌ကျောင်းဆောင် ဆောက်လုပ်ရန်အတွက် အစည်းအဝေးဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ဆုတောင်းပြည့်ဘုရားကျောင်းတွင် ယမန်နေ့က အ‌ခြေခံပညာအထက်တန်းကျောင်း၌ ယာယီကျောင်းဆောင်ဆောက်လုပ်ရန် လိုအပ်သောအထွေထွေကိစ္စများကို ဆွေနွေးရန် အစည်းအ‌ဝေးဆောင်ရွက်ခဲ့သည်။

မတ္တရာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တော်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ကျောက်တော်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ဇွန်လ ၆ ရက်နေ့လယ်ပိုင်းက စတင်ပြီး မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
Subscribe to