တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပုံပြောပြိုင်ပွဲကျင်းပ

တောင်သာ ဇွန် ၉

တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ပုံပြောပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲများကို ယမန်နေ့နံနက် (၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။     

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများကို ရှင်းလင်းပြောကြားပြီးနောက် ပုံပြောပြိုင်ပွဲအား ဆက်လက်ကျင်းပရာပါဝင် ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူများက အသီးသီးပါဝင်ယှဉ်ပြိုင် ကြပြီးနောက် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးနှင့် ဝန်ထမ်းများက မုန့်များ ကျွေးမွေးခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)