အမျိုးသမီးများဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဘားအံမြို့ ဇွဲကပင်ခန်းမ၌ကျင်းပ

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမျိုးသမီးများဘဝမြှင့်တင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီ ခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ကျိန္တလီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအနေဖြင့် ကျိန္တလီမြို့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ ညနေပိုင်းက အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်များတွင် အဘိတ်ဆေး ခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ငါန်းဇွန်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ

မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုနှင့်ပတ်သက်၍ ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့မွန်းတည့် ၁၂ နာရီခန့်က ငါန်းဇွန်မြို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၈ နှစ်အောက်(အမျိုးသား) ဘောလုံး ပြိုင်ပွဲဝင်အသင်းများနှင့် မိတ်ဆုံလက်ဖက်ရည်ပွဲ အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၈ နှစ်အောက်(အမျိုးသား) ဘောလုံး ပြိုင်ပွဲဝင် အသင်းများနှင့် မိတ်ဆုံလက်ဖက်ရည်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ ၇၁ လမ်းရှိ မြို့တော်ခန်းမတွင် ကျင်းပသည်။

ကျွန်းစုမြို့တွင် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြိတ်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့ နံနက်(၁၁)နာရီအချိန်က ကပ‌ကျေးရွာအုပ်စု၊ ကဒဲ-ကတွဒ်ကျေးရွာ၊ သီရိမင်္ဂလာကျောင်းတိုက်ဓမ္မာရုံ၌ ဖွင့်လှစ်သင်ကြားခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် အသက်(၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်နှင့်သန်ချဆေးများတိုက်ကျွေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကလေးသူငယ်များ အာဟာရချို့တဲ့မှုများ လျော့နည်းပပျောက်စေရေး၊ အာဟာရလွန်ကဲမှုပြဿနာများကာကွယ်ရေးနှင့် အာဟာရပြည့်ဝမျှတစွာသုံးစွဲနိုင်ရေးအတွက်ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်နှင့်သန်ချဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်တွင် ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၁)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose) ထိုးနှံပေး

တံတားဦးခရိုင် တံတားဦးမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီဌာနမှ အသက်(၅)နှစ်မှ (၁၁)နှစ် အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose)ကို သက်ဆိုင်ရာအခြေခံပညာကျောင်းများလိုက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်များ ထုတ်ချေးပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများအား ဆက်လက် ထုတ်ချေးပေး လျက်ရှိသည်။

ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော သံပုရာသီး ပေါ်ချိန်ဖြစ်၍ မိသားစု အပိုဝင်ငွေ ရရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ နေအိမ်ခြံဝင်းအတွင်း၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားပြီး မိုးဦးကျကာလ၌ လှိုင်လှိုင်ထွက်ရှိသော သံပုရာသီးများ ရောင်းချ၍ မိသားစု အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

မလှိုင်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် အကြိုပြိုင်ပွဲများ ကျင်းပသွားမည်

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် စာပေချစ်သူများအဖွဲ့တို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုပြိုင်ပွဲများ ကျင်းပညှိနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယနေ့နံနက်ပိုင်း မြို့နယ်ပြန်/ဆက်ရုံး Community Center ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to