မိုင်းလုံမြို့တွင် ယာယီစာသင်‌ကျောင်းဆောင် ဆောက်လုပ်ရန်အတွက် အစည်းအဝေးဆောင်ရွက်

မိုင်းလုံ ဇွန် ၉

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ဆုတောင်းပြည့်ဘုရားကျောင်းတွင် ယမန်နေ့က အ‌ခြေခံပညာအထက်တန်းကျောင်း၌ ယာယီကျောင်းဆောင်ဆောက်လုပ်ရန် လိုအပ်သောအထွေထွေကိစ္စများကို ဆွေနွေးရန် အစည်းအ‌ဝေးဆောင်ရွက်ခဲ့သည်။

ရှေ့ဦးစွာ မိုင်လုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသောင်းထွဋ်လင်းက ယခုပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူဦးရေတိုးလာခြင်း၊ (Grade-12) အတန်းအတွက် ကျောင်းဆောင်တိုးလာခြင်းတို့ကြောင့် ယာယီကျောင်းဆောင်မဖြစ်မနေ လိုအပ်‌နေသဖြင့် စုပေါင်းဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ ကျောင်းအကျိုးတော်ဆောင်ဉက္ကဋ္ဌ ဦးဘိုအေးမှ မိမိသားသမီးမကမိမိတို့ကိုယ်တိုင် တက်ရောက်ပညာသင်ကြားခဲ့သော ကျောင်းတော်ကြီးဖြစ်တဲ့အတွက် လိုအပ်သောကိစ္စများကို ပူးပေါင်းပါဝင်‌ ဆောင်ရွက်ကြရန်ပြောကြားခြင်း၊ နယ်မြေခံတပ်ရင်းမှ ဗိုလ်ကြီးကျော်ဇောက ကျောင်းဆောက်လုပ်မည့်ပုံစံ၊ (၃၀×၁၅)ပေအကျယ်ရှိ အခန်း(၅)ခန်း ဆောက်လုပ်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခြင်း၊ အထက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်က ကျောင်းသားဦးရေသည် ယခုလက်ရှိ(၇၇၀)ဦးရှိပြီး နောက်ထပ် ကျောင်းသားဦးရေထပ်တိုးရန်ရှိသောကြောင့် လက်ရှိကျောင်းဆောင်သည်(၁၈)ခန်းရှိရာ အခန်းမလောက်ကြောင်း ပြောကြားပြီးနောက် တက်ရောက်လာသော ပြည်သူများကလည်း အကြုံပြုချက်များကိုပြန်လည်ဆွေးနွေးခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မည့်အကြောင်းတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် နယ်မြေခံတပ်ရင်းမှ ဗိုလ်ကြီးကျော်ဇော်၊ မြို့အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာလူကြီးများနှင့် ကျောင်းသားမိဘများ စုစုပေါင်း(၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။   

ဇော်ဇော်(ပြန်/ဆက်)