ကျောက်တော်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ကျောက်တော်  ဇွန်  ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ကျောက်တော်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ဇွန်လ ၆ ရက်နေ့လယ်ပိုင်းက စတင်ပြီး မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုန်ချေးရာနေရာသို့ မိုခါမုန်တိုင်းကြောင့် ကျောက်တော်မြို့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်များ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦး လာရောက်ကြည့်ရှုပြီး တောင်သူလယ်သမားများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့သည်။ ထို့နောက် စိာက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးမှုနှင့် ပတ်သက်၍ ကျောက်တော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာ ဦးသိန်း‌ဇော်က ချေးငွေထုတ်ယူသည့် တောင်သူများအား လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မန်နေဂျာနှင့်ဝန်ထမ်းများက ထုတ်ချေးပေးလျက်ရှိရာ မာလာကျေးရွာအုပ်စု၊ မာလာကျေးရွာအတွင်းရှိ  တောင်သူ (၈၁)ဦးအား တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် စပါးစိုက်ဧက (၃၇၃)ဧကအတွက် (၅၅၉၅၀၀၀၀)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ခင်မောင်ထွန်း