ကြံခင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မီးဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ကြံခင်း ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ထောက်ပံ့ပစ္စည်းများကို ကြံခင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မီးဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့နံနက်ပိုင်းကကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ထောက်ပံ့ပစ္စည်းများကိုကြံခင်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကြည်ဝင်းနှင့် တပ်ဖွဲ့ဝင်များက ဇွန်လ(၄)ရက်နေ့က မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက် မီးဖိုချောင်သုံးပစ္စည်း(၆)မျိုး၊ တစ်ကိုယ်ရည်သုံးပစ္စည်း(၁၁)မျိုးပါပုံး၊ မိသားစုသုံးပစ္စည်း(၁၅)မျိုးပါပုံး၊ အမျိုးသမီးသုံးပစ္စည်း(၁၁)မျိုးပါပုံးနှင့် Shelter kit (၁)ခုတို့ကို လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)