ချောက် ဇွန် ၉
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက ပညာရေးမှူးရုံးနှင့် စာစစ်ဌာန (၃)ခုတွင် ကပ်ထား ကြေညာလျက်ရှိရာ ချောက်မြို့နယ်အတွင်း ၇၄ ဒသမ ၀၄ ရာခိုင်နှုန်းဖြင့်အောင်မြင်ခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်တွင် စာစစ်ဌာန (၃)ခု၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ကျောင်းသား/သူ (၇၇၈)ဦးတွင် အောင်မြင်သူကျောင်းသား (၁၇၆)ဦး၊ ကျောင်းသူ (၄၀၀)ဦး၊ စုစုပေါင်းအောင်မြင်သူ (၅၇၆)ဦးရှိပြီး အဆိုပါအောင်မြင်သူများတွင် (၆)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၇)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁၆)ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် (၄၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၁၆၂)ဦး၊ စုစုပေါင်း ဂုဏ်ထူးရ ကျောင်းသား/သူ (၂၃၁)ဦးရှိကြောင်းနှင့် အောင်ချက်ရာနှုန်းမှာ ၇၄ ဒသမ ၀၄ ရာခိုင်နှုန်းဖြစ်ကြောင်း ချောက်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်မိုး(ပြန်/ဆက်)